Connect with us

Politics, Law & Military

ထိုင်ဝမ်သို့ အမေရိကန် လက်နက်ရောင်းချမှုအား တရုတ် အပြင်းအထန် ကန့်ကွက်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ကျန်းစီကွမ်အား တွေ့ရစဉ် (ဓာတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ၇က် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ကျန်းစီကွမ် က တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံရုံး ယာယီ တာဝန်ခံ Kaye Lee အား ဒီဇင်ဘာလ ၁၆ ရက်က ဆင့်ခေါ်၍ အမေရိကန်က ထိုင်ဝမ် သို့ လက်နက်ရောင်းချမှု နှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း အလေး အနက်ထား ပြောကြားခဲ့သည်။

အမေရိကန်က ထိုင်ဝမ် သို့ အမေရိကန်ဒေါ်လာ ၁.၈၃ ဘီလီယံ တန်ဖိုးရှိ လက်နက်များ ရောင်းချခဲ့ပြီးနောက် ကျန်းက ယင်းသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဒီလိုမျိုး ထိုင်ဝမ် ကို အမေရိကန် လက်နက်ရောင်းချတာကို တရုတ်အနေနဲ့ အပြင်းအထန် ကန့်ကွက်ပါတယ်” ဟု ကျန်းက ပြောသည်။

ယခုလို လက်နက်ရောင်းချခြင်းသည် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံ စံသတ်မှတ် ချက်များအား ဆန့်ကျင်ကြောင်း၊ တရုတ်-အမေရိကန် ပူးတွဲ တရားဝင် ထုတ်ပြန်ချက် သုံးခု အား ဆန့်ကျင် ကြောင်းနှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအား ထိခိုက်စေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားအား များစွာ ထိခိုက်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံ၏ အကျိုးစီးပွားအား စောင့်ရှောက်ရန်အတွက် လက်နက်ရောင်းချမှုတွင် ပါဝင် ပတ်သက်မှုရှိသည့် ကုမ္ပဏီ များကို စီးပွားရေး ပိတ်ဆို့မှုများ လိုအပ်လျှင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ဆိုသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ပူးတွဲ တရားဝင် ထုတ်ပြန်ချက်အား လေးစား လိုက်နာရန်၊ လက်နက်ရောင်းချမှု စီမံ ကိန်းအား ရုပ်သိမ်းပေးရန်၊ ထိုင်ဝမ် နှင့် စစ်ရေး ဆက်ဆံမှု ရပ်တန့်ပေးရန်၊ တရုတ်-အမေရိကန် ဆက်ဆံ ရေးအား ပျက်ပြားစေမည့် ကိစ္စများအား ရှောင်ရှားရန် နှင့် အဓိက နယ်ပယ်များ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် ကျန်းက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.