Connect with us

Politics, Law & Military

ငွေကြေး ခဝါချမှု နှင့် အကြမ်းဖက်မှု ဆိုင်ရာလည်မှု စာချွန်လွှာအား တရုတ် နှင့် အမေရိကန် လက်မှတ် ရေးထိုး

တရုတ်နိုင်ငံ ဘဏ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက နိုင်ငံခြားငွေများကို စစ်ဆေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့ ကူညီမှုတို့အား တိုက်ဖျက်ရေး အတွက် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ် ငွေကြေးခဝါချမှု ဆန့်ကျင်တိုက်ဖျက်ရေး စောင့်ကြည့်ရေးနှင့် ဆန်းစစ်မှု စင်တာ (CAMLMAC) နှင့် အမေရိကန် ငွေကြေးဆိုင်ရာ ပြစ်မှု ပြဋ္ဌာန်းရေး ကွန်ရက် (FinCEN) တို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်က အမေရိကန်နိုင်ငံ၌ တွေ့ဆုံ၍ သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ်၏ ဝက်ဘ်ဆိုဒ်တွင် ဒီဇင်ဘာလ ၁၅ ရက်က သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်တွင် နယူးယောက်မြို့တွင် နှစ်ဘက် တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး ငွေကြေးဆိုင်ရာ အကြမ်းဖက်မှု၊ အန္တရယ်ဖြစ်နိုင်ခြေ အကဲဖြတ်မှုများနှင့် ငွေကြေး ခဝါချခြင်း ဆိုင်ရာ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများ ဆွေးနွေးခဲ့သည်။ (Xinhua)