Politics, Law & Military
ဒုတိယကမ္ဘာစစ် ဂျပန်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်မည်

ပေကျင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ဖက်စစ်စနစ် ဆန့်ကျင်ရေး နှင့် ဂျပန်တို့၏ ကျူးကျော်မှုကို တော်လှန်ခဲ့သော တရုတ်ပြည်သူများ၏ စစ်အောင်ပွဲ ၇၅ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ခေါင်းဆောင်များသည် တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ အလွှာအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ ပေကျင်းမြို့ စစ်သမိုင်းပြတိုက်တွင် အာဇာနည်များအား လွမ်းသူ့ပန်းခွေချခြင်းများဖြင့် ဂုဏ်ပြုကြမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားကို China Media Group က တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။ (Xinhua)