Politics, Law & Military
နန်ကျင်းအဖြစ်ဆိုးကြီးနှင့်ပတ်သက်၍ ပြပွဲ ပြင်သစ်တွင်ကျင်းပ

ပဲရစ်၊အောက်တိုဘာလ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် ၁၉၃၇ ခုနှစ် ၌ဖြစ်ပွားခဲ့သော နန်ကျင်းကြောက်မက်ဖွယ်အစုလိုက်အပြုံလိုက်လူသတ်မှုကြီးနှင့်ပတ်သက်သည့် ပြပွဲတစ်ခုကို “Common Witness: The Rape of Nanking or Nanjing Massacre”အမည်ဖြင့်ပြင်သစ်နိုင်ငံအနောက်မြောက်ဘက်ရှိ ကန်းမြို့(Caen)၏ ကန်းအမှတ်
တရနေရာတွင်အောက်တိုဘာလ၂၂ရက်ကစတင်ပြသခဲ့ကြောင်းသိရသည်။နန်ကျင်းကြောက်မက်ဖွယ်အစုလိုက်အပြုံလိုက်လူသတ်မှုကြီး ကို ယူနက်စကိုအဖွဲ့က ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့အမှတ်တရဖြစ်ရပ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ခဲ့ပြီးနောက် ၎င်းဖြစ်ရပ်ဆိုးနှင့်ပတ်သက်၍တရုတ်နိုင်ငံ၏စုဆောင်းမှုများကို ဥရောပတိုက်တွင်ပထမဆုံးအကြိမ်ပြပွဲအဖြစ်ခင်းကျင်းပြသခြင်းဖြစ်ကြောင်းသိရသည်။
ပြပွဲပြသသည့်နေရာက ၈၀၀ စတုရန်းမီတာရှိကာဓါတ်ပုံပေါင်း ၂၇၀ ကျော်နှင့် နန်ကျင်းအဖြစ်
ဆိုးနှင့်ပတ်သက်သောသက်သေပစ္စည်းနှင့် ဗီဒီယို ၅၀ တို့ကိုပြပွဲတွင်ပြသထားခဲ့သည်။ နန်ကျင်းအဖြစ်
ဆိုးမှာ တရုတ်နိုင်ငံအားဂျပန်တို့ကျူးကျော်တိုက်ခိုက်စဉ် ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၉၃၈
ခုနှစ် ဇန်နဝါရီလအထိဖြစ်ပွားခဲ့ပြီး ဂျပန်တို့၏သတ်ဖြတ်မှုကြောင့် တရုတ်နိုင်ငံသားအရပ်သားနှင့်လက်
နက်မဲ့တပ်ဖွဲ့ဝင်စုစုပေါင်း ၃၀၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း နန်ကျင်းအဖြစ်ဆိုးအမှတ်တရခန်းမ၏
ညွှန်ကြားရေးမှူးချုပ် Zhang Jianjun ကပြောခဲ့သည်။ ယခုပြပွဲကိုနန်ကျင်းအဖြစ်ဆိုးအမှတ်တရခန်းမ
နှင့် ကန်းအမှတ်တရနေရာ တို့ပူးတွဲကျင်းပခဲ့ခြင်းလည်းဖြစ်သည်။(Xinhua)