Connect with us

Politics, Law & Military

တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် ဗြိတိန်တော်ဝင်မင်းသား တွေ့ဆုံ

တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ ချီ(ယာ)နှင့် ဗြိတိန်တော်ဝင်မင်းသား အင်ဒရူး(ဝဲ) တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ (Yang Jiechi) နှင့် ဗြိတိန်နိုင်ငံတော်ဝင်မင်းသားအင်ဒရူး တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာလ ၂၆ ရက်က တရုတ်-ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေးအပြန်အလှန်ပူးပေါင်းဖလှယ်ရေး နှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံဟန်ကျိုမြို့၌ G20 ထိပ်သီးအစည်းအဝေးပွဲအတွင်း တွေ့ဆုံစဉ် တရုတ်-ဗြိတိန်နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာများကို အတည်ပြုခဲ့ကြကြောင်း ယန်ကျဲ့ချီက ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ဆန္ဒရှိပါကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

တရုတ်-ယူကေ ရင်းနှီးချစ်ကြည်ရေးအတွက် ဗြိတိန်တော်ဝင်မိသားစု၏ ပါဝင်ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံက ဂုဏ်ပြုပါကြောင်း နှင့် တရုတ်-ဗြိတိန် ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု တွင် အရေးပါသော အခန်းကဏ္ဍမှ တက်ကြွစွာဆက်လက်ပါဝင်လုပ်ဆောင်ပေးပါရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် ကဆိုသည်။

ဗြိတိန်နိုင်ငံ ယော့ခ်(York) မြို့စား မင်းသား အင်ဒရူးက ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အပြန်အလှန်ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားရန် မျှော်လင့်ပါကြောင်း ၊ အဆိုပါလုပ်ငန်းစဉ်အတွက် တော်ဝင်မိသားစုအနေဖြင့် တက်ကြွစွာ လုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်နားလည်မှုကို အနာဂတ်တွင် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.