Connect with us

Politics, Law & Military

နိုင်ငံတော်ဆု၊ ချစ်ကြည်ရေးဆု၊ အမျိုးသားရေးဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းအခမ်းအနားသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထူးချွန်သူများအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ဆုများ၊ ချစ်ကြည်ရေးဆုများနှင့် အမျိုးသားရေးဂုဏ်ပြုဆုများအား တရုတ်နိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတ ရှီသည် မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပသည့် ဆုပေးပွဲ အခမ်းအနားတွင် စာဆိုတော်များအား ဆုများနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်သွားမည် ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန ဒုတိယဌာနမှူး ဝမ်ရှောင်ဝှေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။ တရုတ်နိုင်ငံ (PRC) တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားအား အောက်တိုဘာလ ၁ ရက်တွင် ကြီးကျယ်ခမ်းအနားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.