Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးတို့ တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရန် ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးတို့ သြဂုတ်လ ၂၉ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) နှင့် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ သြဂုတ်လ ၂၉ ရက်တွင် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။

“နှစ်နိုင်ငံ ပူးတွဲကြိုးပမ်းချက်များအရ လွန်ခဲ့သည့်သုံးနှစ်တာအတွင်း သမ္မတ ဒူတာတေးရဲ့ အစိုးရလက်ထက်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဦးမော့လာကာ ခိုင်မြဲမှုနှင့် အားပေးတိုးတက်မှုရှိခဲ့ပြီး သေချာသော ရလဒ်များလဲ ဆက်လက်ရရှိခဲ့ပါတယ်” ဟု ဒူတာတေး၏ ခရီးစဉ်အား ကြိုဆိုသောအားဖြင့် သမ္မတ ရှီက ပြောခဲ့သည်။

“လက်ရှိမှာ နိုင်ငံတကာနဲ့ ဒေသတွင်း အခြေအနေများကလည်း လေးနက်ပြီး ရှုပ်ထွေးတဲ့ ပြောင်းလဲမှုတွေ ဆက်ဖြစ်နေပါတယ်။ သို့သော် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် အကျိုးကျေးဇူးရှိမှုတွေက ခေတ်ကာလရဲ့ မငြင်းနိုင်တဲ့ ရေစီးကြောင်းတစ်ခုအဖြစ် ရှိနေဆဲပါပဲ” ဟု ရှီက ဆိုသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် Link- http://www.xinhuanet.com/english/2019-08/30/c_138349009.htm

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117