Politics, Law & Military
ပြုပြင် ပြောင်းလဲရေးများ၊ ဆန်းသစ်မှုများ အတွက် စစ်တက္ကသိုလ်၌ သမ္မတ ရှီ မိန့်ခွန်းပြောကြား
ပေကျင်း၊ မတ် ၂၄ ရက် (ဆင်ဟွာ)
ခိုင်မာသော တပ်မတော် တည်ဆောက်ရာတွင် အထောက်အပံ့ ဖြစ်စေရန် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များနှင့် အတတ်ပညာသင် ကျောင်းများ၌ ပြုပြင်ပြောင်းလဲရေးနှင့် တီထွင်ဆန်း သစ်ရေးများ ပြုလုပ်ရန်အတွက် စစ်ဘက် ဆိုင်ရာ တက္ကသိုလ်များနှင့် အတတ်ပညာသင်ကျောင်းများ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ်လ ၂၃ ရက် က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံ၏ ထိပ်တန်း စစ်တက္ကသိုလ်ဖြစ်သည့် အမျိုးသား ကာကွယ်ရေး တက္ကသိုလ် (NDU) သို့ လှည့်လည် စစ်ဆေး နေစဉ်အတွင်း ဤသို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့အဆင့်မီ တပ်မတော် တစ်ခုအဖြစ် တည်ဆောက်ရန် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များအနေဖြင့် တောင့်တင်း ခိုင်မာရမည် ဖြစ်ပြီး ထို ရည်မှန်းချက်သို့ ရောက်ရှိရန် ပင်ကို စွမ်းရည်နှင့် အသိပညာ ထောက်ပံ့ပေးရန် အတွက် ပြုပြင် ပြောင်းလဲမှုများနှင့် ဆန်းသစ် တီထွင်မှုများ တိုးမြှင့်ရေး လုပ်ဆောင်ရမည် ဖြစ်ကြောင်းနှင့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ အနေဖြင့် မှန်ကန်သည့် နိုင်ငံရေး ရပ်တည်ချက်အား လိုက်နာ စောင့်ထိန်းရမည် ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ ဗဟို ကော်မရှင် (CMC) ဥက္ကဋ္ဌလည်း ဖြစ်သူ ရှီက တိုက်တွန်းခဲ့သည်။
ပါတီတွင်း အယူအဆများ၌လည်း ပညာရေးသည် အခိုင်မာဆုံး ဖြစ်သင့်ကြောင်း၊ တက္ကသိုလ် ကျောင်းသားများ ၏ နိုင်ငံရေးဆိုင်ရာ သဘောတရား၊ နိုင်ငံရေး စွမ်းရည်များ မြှင့်တင်ခြင်းနှင့် ပါတီအပေါ် ၎င်းတို့၏ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာ တိုးမြှင့်ရေး စသည်တို့သည် ပညာရေး ကဏ္ဍ၌ ထိပ်တန်း ဦးစားပေးဖြစ်ကြောင်း ရှီက ပြောသည်။ (Xinhua)