Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချက်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ရန် ပေကျင်းမှ ထွက်ခွာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အခမ်းအနားတစ်ခု ၌ တွေ့မြင်ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချက်သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် ပေကျင်းမှ မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ထွက်ခွာခဲ့ကြောင်းသိရသည်။ ရှီသည် ချက်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ပြီး နောက် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် လေးကြိမ်မြောက် နျူကလီးယား လုံခြုံရေး ညီလာခံ သို့ ဆက်လက် တက်ရောက် သွားမည် ဖြစ်ကြောင်း သိရသည်။

ချက်သမ္မတနိုင်ငံ သမ္မတ Milos Zeman ၏ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင့်ဖိန်သည် ချက်သမ္မတနိုင်ငံ တွင် မတ်လ ၂၈ ရက်မှ မတ်လ ၃၀ ရက်အထိ ချစ်ကြည်ရေး ခရီး လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား၏ ဖိတ်ကြားချက်အရ သမ္မတရှီသည် ဝါရှင်တန်မြို့တွင် ကျင်းပမည့် နျူကလီးယား လုံခြုံရေး ညီလာခံ သို့ မတ်လ ၃၁ ရက် မှ ဧပြီ ၁ ရက် အထိ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

သမ္မတရှီ နှင့်အတူ အဖွဲ့ဝင်များ ဖြစ်ကြသည့် တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ် ပါတီ (CPC) ဗဟိုကော်မတီ၏ မူဝါဒ သုတေသနရုံး ဒါရိုက်တာ ဝမ်ဟူနင်း (Wang Huning) ၊ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ် ပါတီ(CPC) ဗဟိုကော်မတီ ၏ အထွေထွေရုံး ဒါရိုက်တာ လိကျန့်ဆူး (Li Zhanshu) နှင့် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ (Yang Jiechi) တို့ လိုက်ပါ လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.