Connect with us

Politics, Law & Military

မကြုံစဖူး ထူးကဲလှသည့် တရုတ်- နယူးဇီလန် ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ကြောင်း သမ္မတ ရှီ ချီးကျူးပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျွန်ကီးတို့ ဧပြီလ ၁၉ ရက် တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် ဂျွန်ကီး (John Key) အား ဧပြီလ ၁၉ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ မကြုံစဖူး ထူးကဲလှသည့် ပူးပေါင်း ဆောင်ရွက်မှုဖြစ် ကြောင်း ချီးကျူး ပြောကြားလိုက်သည်။

နှစ်နိုင်ငံအနေဖြင့် ဘက်စုံ ယုံကြည်မှု တိုးမြှင့်ရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်သူအချင်း ချင်း ဖလှယ်ရေး၊ တရား ဥပဒေ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စစ်တပ် အချင်းချင်း အပြန်အလှန် ဖလှယ်မှု တိုးတက်လာရေး စသည့် အကြောင်းအရာများအား သမ္မတ ရှီက အဆိုပြုခဲ့သည်။

ထို့ပြင် နယူးဇီလန်နိုင်ငံ၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးများ၌ တရုတ် ကုမ္ပဏီများ ပါဝင်နိုင်ရန် မျှော်လင့်လျက် ရှိကြောင်း၊ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် နှင့် အခြား လုပ်ငန်းများတွင် လည်း နယူးဇီလန်နိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လိုပါကြောင်း ရှှီက ပြောသည်။

“ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ မဟာဗျူဟာများမှာ ချိတ်ဆက် လုပ်နိုင်သလို ဇီဝ-ဆေးပညာ၊ စွမ်းအင်ချွေတာ ရေး၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်း တီထွင် ဆန်းသစ်ရေး စတဲ့ ဖွံ့ဖြိုးမှု ကဏ္ဍ အသစ် တွေကိုလဲ ပျိုးထောင်သွားနိုင်မှာ ဖြစ်တယ်” ဟု ရှီက ပြောသည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျွန်ကီးကလည်း နှစ်နိုင်ငံအကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီမှု အား အဆင့်မြှင့်တင်ရေး အရှိန် တိုးမြှင့်သွားရန်နှင့် လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလာရေး၊ ပညာရေး၊ တရားဥပ ဒေနှင့် အခြားကဏ္ဍများ၌လည်း အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွင် အနောက်နိုင်ငံမှ ပထမဆုံး ပါဝင်သည့်အနေဖြင့် နယူးဇီလန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် အတူ ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှု အဖြစ် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျွန်ကီးသည် တရုတ်နိုင်ငံသို့ ခြောက်ကြိမ်မြောက် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဧပြီလ ၁၇ ရက်မှ ၂၂ ရက်အထိ လာရောက်ဘလည်ပတ်နေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.