Connect with us

Politics, Law & Military

တရုတ်နိုင်ငံတွင် ၂ဝဝ၅ ခုနှစ်မှစတင်၍ မူးယစ်ဆေးဝါးမှု နှင့်ဆက်စပ်ပြီး လူပေါင်း ၁.၁၅ သန်း ဖမ်းဆီး

တရုတ်နိုင်ငံရဲ အရာရှိများက ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးထုတ်များအား စစ်ဆေးနေပုံ ( ဆင်ဟွာ )

ပေကျင်း ၊ ဧပြီ ၁၈ ရက် ( ဆင်ဟွာ )

တရုတ်နိုင်ငံရဲတပ်ဖွဲ့သည် ၂ဝဝ၅ ခုနှစ်မှ စတင်၍ မူးယစ်ဆေးဝါးမှုပေါင်း တစ်သန်းကျော် နှင့် မူးယစ်ဆေးဝါးမှု နှင့်ဆက်စပ်သည့်သံသယရှိသူပေါင်း ၁.၁၅ သန်း ကို ဖမ်းဆီးခဲ့ကြောင်း အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် ( NNCC ) က ဧပြီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

ယင်းကာလအတွင်း မူးယစ်ဆေးဝါး ၇၅၁ တန်ကျော်ဖမ်းမိခဲ့သည်ဟု ဆိုသည်။ ၂ဝ၁၅ ခုနှစ် တစ်နှစ်ထဲတွင် ပြည်ပနိုင်ငံများ သို့မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်ရောင်းဝယ် မှု ကြောင့် လူပေါင်း ၃၈၉ဝဝ ဦးထိ ဖမ်းဆီးခဲ့ကြောင်း NNCC က ပြောသည်။ တရုတ်နိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာများကို နှစ်အတော်ကြာကတည်းက ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ၂ဝ၁၅ ခုနှစ် ဂျူလိုင်လ အထိ တရုတ်နိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲခွင့် မှတ်ပုံတင်ထားသူ ၃.၂၃ သန်း ရှိ ပြီး ၎င်းထဲမှ ၆ဝ ရာခိုင်နှုန်းကျော်သည် အသက် ၃၅ နှစ် (သို့မဟုတ် ) ၃၅ နှစ်အောက် ငယ်ရွယ်သူများဖြစ်ကြောင်း သိရသည်။

NNCC ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် ကမ ္ဘာ့နိုင်ငံပေါင်း ၂ဝ ကျော်နှင့်မူးယစ်ဆေးဝါးပြဿနာ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူညီမှုစာချုပ်ပေါင်း၂၄ ခု ထိ လက်မှတ်ရေးထိုးထားသည်။ ထို့ပြင် တရုတ်နိုင်ငံအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဂြိုလ်တုမှ တဆင့်ဖမ်းယူပြီး ဘိန်းခင်းဖျက်ဆီးမှုများပြုလုပ်နေကြောင်း တရုတ် နိုင်ငံအာဏာပိုင်များက ဖြည့်စွက်ပြောကြားထားသည်။ ( Xinhua )