Connect with us

Politics, Law & Military

မွန်ဂိုးလီးယား ခရီးစဉ်နှင့် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် တရုတ် ဝန်ကြီးချုပ် လီခဲ့ချန် ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မွန်ဂိုးလီးယားနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်နှင့် ၁၁ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီး အစည်းအဝေး (Asia- Europe Meeting= ASEM) သို့ တက်ရောက်ရန် ဇူလိုင်လ ၁၃ ရက် နေ့လည်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် လီသည် မွန်ဂိုးလီးယားနိုင်ငံ ဝန်ကြီးချုပ် Jargaltulga Erdenebat ၏ ဖိတ်ကြားချက်ဖြင့် မွန်ဂိုးလီးယား နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇူလိုင်လ ၁၃ ရက်မှ ၁၄ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ကြေညာခဲ့သည်။
ထို့ပြင် မွန်ဂိုးလီးယားနိုင်ငံ သမ္မတ Tsakhiagiin Elbegdorj ၏ ဖိတ်ကြားချက်ဖြင့် မွန်ဂိုးလီးယားနိုင်ငံ မြို့တော် Ulan Bator ၌ ဇူလိုင်လ ၁၅ ရက်မှ ၁၆ ရက်အထိ ပြုလုပ်မည့် အာရှ- ဥရောပ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.