Connect with us

Politics, Law & Military

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မှ တောင်တရုတ် ပင်လယ်အရေးအား ယာယီ ခုံသမာဓိရုံး ဆောင်ရွက်မှုသည် နိုင်ငံရေး ဆူပူမှု ဖြစ်စေသော ပြဇာတ် တစ်ခုသာ ဖြစ်ကြောင်း ပြောကြား

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ အား အင်တာဗျူး တစ်ခုတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၁၂ ရက်တွင် ယာယီ ခုံရုံးမှ တောင်တရုတ် ပပ်လယ်အရေး စီရင်မှုကို ထုတ်ပြန်ခဲ့ပြီးနောက်တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ဖိလစ်ပိုင်နိုင်ငံ၏ တောင်တရုတ် ပင်လယ်အရေးအား ယာယီ ခုံရုံးသို့ တစ်ဖက်သတ် လျှောက်တင် ဆောင်ရွက်မှုသည် တရားဥပဒေကို အကာအကွယ်ယူ၍ ဆောင်ရွက် ခဲ့သော နိုင်ငံရေး ဆူပူမှု ဖြစ်စေသည့် ပြဇာတ် တစ်ခုသာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က တောင်တရုတ်ပင်လယ်အရေး အား ယာယီ ခုံရုံးတင် ဆောင်ရွက်မှု အစမှ အဆုံးသည့်တိုင် တရားဥပဒေကို အကာအကွယ်ယူ၍ ဆောင်ရွက်ခဲ့သော နိုင်ငံရေး ဆူပူမှု ပြဇာတ် တစ်ခု ဖြစ်ကြောင်း ၊ ဤကဲ့သို့သော သဘောသဘာဝ ရှိသည်ကို အားလုံးသိမြင်နိုင်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။
ဖိလစ်ပိုင် အစိုးရ အဖွဲ့ဟောင်းသည် အချို့သော ပြင်ပ အင်အားစုတို့၏ စီစဉ်ညွှန်ကြားချက် များဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ သဘောတူညီမှုကို မရယူဘဲ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်မှုဖြင့် အငြင်းပွားမှုကို ဖြေရှင်းသည့် နည်းလမ်းကို ဆန့်ကျင်ကာ တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာ စာတမ်း ( Declaration on the Conduct of Parties in the South China Sea= DOC) ကိုလည်း ချိုးဖောက်လျက် ယာယီ ခုံရုံးသို့ တစ်ဖက်သတ် လျှောက်တင် ဆောင်ရွက်မှုကို ဆောင်ရွက် ခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ဖိလစ်ပိုင် နိုင်ငံ၏ ဆောင်ရွက်မှုသည် ဖိလစ်ပိုင် နိုင်ငံနှင့် တရုတ် နိုင်ငံ အကြား ဖြစ်ပွားနေသော အငြင်းပွားမှုကို ဖြေရှင်းလိုသော ရည်ရွယ်ချက် မဟုတ်သည်မှာ ထင်ရှားစွာ တွေ့မြင်နိုင်ပြီး အမှန်စင်စစ် ရည်ရွယ်ချက်မှာ တရုတ် နိုင်ငံ အချုပ်အခြာ အာဏာပိုင်နယ်မြေနှင့် ရေကြောင်း ပိုင်ဆိုင်မှု အပေါ် ကျူးကျော်လိုသည့် ရည်ရွယ်ချက်ဖြစ်ပြီး တောင်တရုတ် ပင်လယ် တည်ငြိမ်အေးချမ်းရေးကိုလည်း ထိခိုက်ပျက်စီး စေခဲ့ကြောင်း ပြောကြား ခဲ့သည်။
ယခုကဲ့သို့သော လုပ်ထုံးလုပ်နည်း နှင့် တရား ဥပဒေ ဆောင်ရွက်မှုများတွင် အတင်းအကြပ် လုပ်ကိုင်ဆောင်ရွက်သည့် ပုံစံ ဖြင့် သက်သေ အထောက်အထားနှင့် အမှန်တရား ချို့ယွင်းချက် များစွာ ရှိနေမှုအပေါ် အခြေခံကာ ယာယီ ခုံရုံးက ဆုံးဖြတ်ချက်ချခဲ့သည်။ ၎င်းကို တရုတ် နိုင်ငံ ပြည်သူလူထုမှ လုံးဝ လက်ခံမည် မဟုတ်ဘဲ နိုင်ငံတကာမှ အမှန်တရားဘက်တွင် ရပ်တည် ထောက်ခဲ့သည့် သူများကလည်း လက်ခံ နိုင်မည် မဟုတ်ကြောင်း ဝမ်ရိက ဆက်လက် ပြောကြား ခဲ့သည်။
ထို့နောက် ဝမ်ရိ က တရုတ် နိုင်ငံမှ ခုံရုံး စီရင်ချက်တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိခြင်းနှင့် အသိအမှတ် မပြုသည့် ရပ်တည်မှုက နိုင်ငံတကာ ဥပဒေ နှင့် ဒေသတွင်း စည်းမျဉ်းများကို ထောက်ခံရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
နိုင်ငံတကာ ဥပဒေ အရ နိုင်ငံ အသီးသီး အနေဖြင့် အငြင်းပွားမှု အား မိမိ ဖြေရှင်းလိုသော ပုံစံဖြင့် ရွေးချယ်ပိုင် ခွင့်ရှိကြောင်း ၊ ကုလသမဂ္ဂ ရေကြောင်း ဥပဒေ ဆိုင်ရာ သဘောတူညီချက် (United Nations Convention on the Law of the Sea=UNCLOS) အရ အဖွဲ့ဝင်နိုင်ငံ အနေဖြင့် အတင်းအကြပ် ချုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းပုံစံကို ငြင်းပယ် နိုင်ကြောင်း ၊ တရုတ် နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ ဖြင့် ချုပ်ဆိုခဲ့သော DOC တွင်လည်း တိုက်ရိုက် သက်ဆိုင်သည့် နိုင်ငံများမှ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းရမည် ဆိုသည့် အချက်သည် ထင်ရှားစွာ ပါရှိကြောင်း ၊ ထို့ကြောင့် တရုတ်နိုင်ငံ အနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းနှင့် အသိအမှတ် မပြုခြင်း ရပ်တည်မှုသည် ဥပဒေ အကြောင်းအရာများအရ လုံးဝ ကိုက်ညီမှု ရှိပြီး နိုင်ငံတကာ ရေကြောင်း တရားဥပဒေ များ၏ စံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီသောကြောင့် ဥပဒေ ရေးရာအရ ဆောင်ရွက်မှု တစ်ခုသာ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယာယီ ခုံရုံးမှ ချမှတ် ခဲ့သည့် စီရင်ချက် သည် တရုတ်နိုင်ငံ၏ တရားဥပဒေ အရ အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ပြီး အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲရေးကို လေးစားရမည် ဟူသော နိုင်ငံတကာ ဥပဒေ သတ်မှတ်ချက်များကိုလည်း စိန်ခေါ်ရာ ရောက်ကြောင်း ၊ နိုင်ငံတကာ ရေကြောင်း ဥပဒေ စနစ်၏ လေးနက်မှု နှင့် ပြည့်စုံမှုကို ဖျက်ဆီးခဲ့သည့် အပြင် DOC ကို အခြေခံ ထားသည့် ဒေသတွင်း စည်းမျဉ်း စည်းကမ်းများကို လည်း ထိခိုက်စေခဲ့ကြောင်း ၊ ယာယီ ခုံရုံး တည်ထောင်ခြင်းသည် တရားဥပဒေ အရ အားနည်းချက် များစွာ ရှိခဲ့ပြီး ယခု အမှုအား စီရင်ဆုံးဖြတ် ပိုင်ခွင့်လည်း မရှိကြောင်း ၊ ယခု ကဲ့သို့သော စီရင်ချက် ချမှတ်ခြင်းသည် အခွင့်အာဏာ ချဲထွင့်ခြင်းနှင့် ကျူးလွန်ခြင်း ဖြစ်ပြီး မည်သည့် ဥပဒေအရ အကျိုးသက်ရောက်မှုကိုမှ ဖြစ်ပေါ် စေနိုင်မည် မဟုတ်ကြောင်း ၊ အထူး ပြောကြားလိုသည့် အချက် အနေဖြင့် တဖြည်းဖြည်း ပိုမိုများပြားသော နိုင်ငံများမှ ပညာရှင်များနှင့် အထူးသဖြင့် ဥပဒေ ရေးရာ နယ်ပယ် အတွင်းမှ ပုဂ္ဂိုလ်များသည် ယခု တောင်တရုတ်ပင်လယ်အရေး စီရင်မှုကို စိုးရိမ်ခြင်း နှင့် သံသယ ဖြစ်ခြင်းများ ဖြစ်ခဲ့ကြောင်း ၊ နိုင်ငံပေါင်း ၆၀ ကျော်မှ တရုတ် နိုင်ငံ၏ ရပ်တည်မှုကို နားလည်မှုနှင့် ထောက်ခံမှု ပေးသည်ကို တရားဝင် ထုတ်ဖော်ပြောကြား ခဲ့ကြောင်း ၊ ဤကဲ့သို့သော အမှန်တရား အပေါ် ထားရှိသည့် အသံများကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ နားထောင် သင့်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် ဝမ်ရိက တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ်ရှိ နယ်မြေ ပိုင်ဆိုင်မှုနှင့် ရေကြောင်း ပိုင်ဆိုင်မှု အခွင့်အရေး များသည် ခိုင်မာသော သမိုင်းကြောင်း အထောက်အထားများ နှင့် ဥပဒေ အခြေခံများ ရှိသောကြောင့် ယာယီ ခုံရုံး ၏ စီရင်မှု ကြောင့် တစ်စုံတစ်ရာ အကျိုး သက်ရောက်မှု ဖြစ်ပွားမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံမှ ဇူလိုင်လ ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ်တွင် ပိုင်ဆိုင်သည့် နယ်မြေ ပိုင်ဆိုင်မှုနှင့် ရေကြောင်း အခွင့်အရေးကို ထပ်မံ ဖော်ပြ ခဲ့ကြောင်း ၊ ၎င်းတွင် တရုတ် နိုင်ငံမှ တောင်တရုတ်ပင်လယ် ကျွန်းစု များတွင် အချုပ်အခြာ အာဏာ ပိုင်ဆိုင်ပြီး အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု ကြောင့် ထိုဒေသ အတွင်းရှိ ကမ်းရိုးတမ်း တစ်လျှောက် ရေပြင်ပိုင်နက် ၊ ရေကြောင်း နယ်နိမိတ် ၊ ထိစပ်ဇုန် ၊ အထူးသီးသန့် စီးပွားရေးဇုန် နှင့် ကုန်းမြေနှင့် ဆက်စပ် နေသည့် ကမ်းလွန် ရေတိမ်ပိုင်း စသည်တို့တွင် တရုတ် နိုင်ငံမှ တောင်တရုတ်ပင်လယ် ကျွန်းစုများအား သမိုင်းကြောင်း ဆိုင်ရာ ပိုင်ဆိုင်မှု အခွင့်အရေးများ ရှိကြောင်း ပြောကြား ခဲ့သည်။
ထို့နောက် တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ်ရှိ နယ်မြေ ပိုင်ဆိုင်မှုနှင့် ရေကြောင်း အခွင့်အရေး များသည် ယခုမှ ထုတ်ဖော်ခဲ့သည့် သဘောထား အသစ်များ မဟုတ်ကြောင်း ၊ တောင်တရုတ် ပင်လယ် မြေပုံအတွင်းရှိ ပိုင်နက်မျဉ်းသည်လည်း ရှည်လျားသော သမိုင်းကြောင်း အစဉ်အလာ အရ ဖြစ်တည် ခဲ့သော အမှန်တရား ဖြစ်ကြောင်း ၊ အဆက်ဆက်သော တရုတ်နိုင်ငံ အစိုးရများ၏ ခိုင်မြဲသော ရပ်တည်မှု ဖြစ်သည်ကို အထူး ပြောကြား လိုကြောင်း ၊ မည်သည့် အင်အားစု ဖြစ်စေ တရုတ် နိုင်ငံ အချုပ်အခြာအာဏာ နယ်မြေ ပိုင်ဆိုင်မှုနှင့် ရေကြောင်း အခွင့်အရေးအား မည်သည့်နည်းလမ်းဖြင့် ဖျက်ဆီး ဆန့်ကျင်မှုများ ဆောင်ရွက်သည် ဖြစ်စေ အောင်မြင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံသည် အချုပ်အခြာအာဏာ နယ်မြေ ပိုင်ဆိုင်မှုနှင့် ရေကြောင်း အခွင့်အရေး ကိစ္စရပ်တွင် တရုတ် နိုင်ငံ၏ သဘောတူညီမှု ရရှိခြင်းမရှိသည့် မည်သည့် မသက်ဆိုင်သော တတိယ အဖွဲ့အစည်း၏ ဖြေရှင်းမှု ပုံစံကို မဆို လက်ခံမည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အပေါ် ဖိအားပေး ပေါင်းထည့်ပေးသည့် ဖြေရှင်းမှု နည်းလမ်းများကိုလည်း လက်ခံ သွားမည် မဟုတ်ကြောင်း ၊ အငြင်းပွားမှု များစွာ နှင့် မညီမျှမှုများဖြင့် ပြည့်နက်နေသော ယာယီ ခုံရုံး အနေဖြင့် နိုင်ငံတကာ ဥပဒေ ၊ နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ၊ နိုင်ငံတကာ တရားမျှတရေး နှင့် အမှန်တရား တို့ကို ကိုယ်စားပြုနိုင်မည် မဟုတ်ကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက်တွင် ဝမ်ရိက တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းသွားမည် ဖြစ်ပြီး ဒေသတွင် တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၏ တည်ထောင်သူနှင့် ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အနေဖြင့် တရုတ် နိုင်ငံသည် ဆက်လက်၍ နိုင်ငံတကာ ဥပဒေကို အခြေခံကာ တိုက်ရိုက်သက်ဆိုင်ရာ နိုင်ငံဖြင့် ဆွေးနွေးညှိနှိုင်းခြင်းမှ အငြင်းပွားမှုကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၊ ဆက်လက်၍ ဥပဒေ အရ နိုင်ငံ အသီးသီး မှ ရေကြောင်း နှင့် လေကြောင်း လွတ်လပ်စွာ သွားလာမှု ကို ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ၊ DOC ကြေညာစာတမ်း အကောင်အထည် ဆောင်ရွက်မှု ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး DOC ၏ မူဘောင် အောက်တွင် တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (Code of Conduct in the South China Sea=COC) ကိုလည်း တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ တောင်တရုတ် ပင်လယ်အရေး အား ယာယီ ခုံရုံးတင် ဆောင်ရွက်မှုနှင့် ၎င်းနှင့် ဆက်စပ်သော အကြောင်းအရာများမှ မသမာ သောရည်ရွယ်ခြင်းဖြင့် လှုံ့ဆော်ခြင်း နှင့် နိုင်ငံရေး ချုပ်ကိုင်မှုများကြောင့် တောင်တရုတ် ပင်လယ်အရေးအား ပိုမို ဆိုးရွားသည့် ထိပ်တိုက် ရင်ဆိုင်သည့် အန္တရာယ် အခြေအနေ သို့ရောက်ရှိစေခဲ့ကြောင်း ၊ ၎င်းက ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရန် အတွက် လုံးဝ အကျိုးမရှိကြောင်း ၊ တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ၊ ဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့၏ အကျိုးစီးပွား အတွက်ပင် လုံးဝ ကိုက်ညီမှု မရှိကြောင်း ၊ ယခုချိန်တွင် ထိုဆူပူမှုဖြစ်စေသော ပြဇာတ်သည် ရပ်တန့်သင့်သော အချိန်ရောက်ရှိပြီ ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိချိန်သင့်ပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ အစိုးရသစ်၏ လတ်တလော ဆောင်ရွက်မှုများကို သတိပြုမိပြီး တရုတ် နိုင်ငံနှင့် တောင်တရုတ် ပင်လယ်အရေးအား ပြန်လည် ဆွေးနွေးမှုများ ဆောင်ရွက်ရန်ကိုလည်း သိရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံ၏ လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး ကောင်းမွန်စေသော ဆောင်ရွက်မှုများ ၊ တရုတ် နိုင်ငံနှင့် အတူတကွ ပူးပေါင်းကာ သဘောထား ကွဲလွဲမှုများကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးအား ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်း ပေါ်သို့ ရောက်ရှိရန် တွန်းအားပေး ဆောင်ရွက်မှုများ မြင်တွေ့ရန် ဝမ်းမြောက်စွာမျှော်လင့်ကြောင်းကို ပြောကြား ခဲ့သည်။
ဝမ်ရိက နောက်ဆုံး အနေဖြင့် တရုတ် နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံ ချစ်ကြည်ဆက်ဆံရေး မူဝါဒသည် တရုတ်နိုင်ငံမှ အစဉ်အမြဲ ဆောင်ရွက်ခဲ့သည့် ရပ်တည်မှု ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး သည်လည်း တရုတ် နိုင်ငံ၏ နိုင်ငံတကာ တာဝန် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း လမ်းစဉ်သည် တရုတ် နိုင်ငံ၏ ခိုင်မြဲသော မဟာဗျူဟာ မူဝါဒ ရွေးချယ်မှု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ အချက်များ အရ နိုင်ငံတကာ ဆက်ဆံရေး အခြေခံ သတ်မှတ်ချက်များကို ကာကွယ်သွားပြီး နိုင်ငံတကာ တရားဥပဒေ စိုးမိုးရေး ထိန်းသိမ်းခြင်းဖြင့် လူသားအားလုံး၏ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအတွက် တရုတ် နိုင်ငံက ဆောင်ရွက်သင့်သော ကိစ္စများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.