Politics, Law & Military
သမ္မတရှီကျင့်ဖိန်က တရုတ် -တောင်ကိုရီးယား နှစ်နိုင်ငံအကြား ကွဲပြားခြားနားချက်များကို ဖြစ်နိုင်သမျှ ပေါင်းစပ် ညှိနှိုင်းသွားရန် ကြိုးပမ်းအားထုတ်သွားမည်ဟု မွန်ဂျေအင် အားပြောကြား

ပေကျင်း ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ် နှင့် တောင်ကိုရီးယား နှစ်နိုင်ငံအကြား ကွဲပြားခြားနားချက်များကို ဖြစ်နိုင်သမျှ ပေါင်းစပ် ညှိနှိုင်းသွားရန် တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် နှင့်အတူ ကြိုးပမ်းအားထုတ်သွားရန် အသင့်ရှိကြောင်း ယနေ့(သြဂုတ်လ ၂၄ ရက်)တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
တရုတ်-တောင်ကိုရီးယား နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်ခြင်း ၂၅ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာထဲတွင် ရှီကျင့်ဖိန်က အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)