Connect with us

Politics, Law & Military

တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ က တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး နှင့် အာဖဂန်နစ္စတန်အရေးကိစ္စရပ်များအား တီလာဆန် နှင့်ဖုန်းဖြင့် ဆွေးနွေးခဲ့

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး တီလာဆန် တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း၊သြဂုတ် ၂၄ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတီလာဆန် တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး နှင့် အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာအရေးကိစ္စရပ်များကို သြဂုတ်လ ၂၃ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ္ဘာကြီး ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် တရုတ်-အမေရိကန် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားများအတွက် တရုတ် နှင့်အမေရိကန် နိုင်ငံတို့သည် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု နှင့် ချိတ်ဆက်ဆောင်ရွက်မှုကို ထိန်းသိမ်း လုပ်ဆောင်ခဲ့ကြောင်း ယန်ကျဲ့ချီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် တို့၏ အရေးကြီးသော သဘောထားဆန္ဒအတိုင်း နှစ်နိုင်ငံအနေဖြင့် သမ္မတရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ယခုနှစ်ပိုင်းအတွင်း သမ္မတဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်နိုင်ရေး အတွက် ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုများ နှင့် နယ်ပယ်ကဏ္ဍစုံတွင် အဆင့်မြင့်ကိုယ်စားလှယ်အချင်းချင်းအကြား အပြန်အလှန်ဖလှယ်မှုများ ကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ယခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံသို့အရေးကြီးသော ခရီးစဉ်အဖြစ် လာရောက်လည်ပတ်ရန် အစီအစဉ်ရှိကြောင်း တီလာဆန်က ပြောကြားခဲ့ပြီး ၎င်းခရီးစဉ်အောင်မြင်စေရန်အတွက် ပေါင်းစပ်ညှိနှိုင်းမှုကို ကြိုးပမ်းအားထုတ်သွားရန် မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယန်ကျဲ့ချီ နှင့် တီလာဆန် တို့သည် အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ရှိ ကြုံတွေ့နေရသော အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နိုင်ငံ၏ အရေးကိစ္စရပ်များကို အဖြေရှာရန် တစ်ခုတည်းသော နည်းလမ်းမှာ အာဖဂန်နစ္စတန်၏ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် နိုင်ငံရေးဆွေးနွေးမှု သာဖြစ်ကြောင်း ယန်ကျဲ့ချီက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်အရေးတွင် ပါကစ္စတန်နိုင်ငံ၏ အခန်းကဏ္ဍကို အရေးပေးသွားရန် လိုအပ်ကြောင်း နှင့် ပါကစ္စတန်နိုင်ငံ၏ အချုပ်အခြာအာဏာ နှင့်ပိုင်နက်နယ်မြေကို လေးစားရမည်ဖြစ်ကြောင်း ယန်ကျဲ့ချီက ဆက်လက်ပြောကြားခဲ့သည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.