Politics, Law & Military
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက တရုတ်နိုင်ငံ အလည်လာမည်

ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (Rex Tillerson) သည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၃၀ ရက်တွင် လာရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက စက်တင်ဘာလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာရေးရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးမည် ဖြစ်ကြောင်း လုက ပြောသည်။ (Xinhua)