Connect with us

Politics, Law & Military

စွမ်းအင်ကဏ္ဍ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်၊ ရုရှား ဆုံးဖြတ်

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်ကောလိ (ယာ) နှင့် ရုရှားနိုင်ငံ Gazprom သဘာဝဓာတ်ငွေ့ အမှုဆောင်အရာရှိချုပ် Alexei Miller (ဝဲ) တို့အား စက်တင်ဘာလ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိသည် ရုရှားနိုင်ငံ Gazprom သဘာဝဓာတ်ငွေ့ အမှုဆောင်အရာရှိချုပ် Alexei Miller နှင့် စက်တင်ဘာလ ၂၅ ရက်တွင် တွေ့ဆုံကာ စွမ်းအင်ကဏ္ဍ၌ နှစ်နိုင်ငံ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ မြှင့်တင်ခဲ့သော တရုတ်-ရုရှား စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုသည် ထူးခြားပြောင်မြောက်သော ရလဒ်များ ရရှိထားပြီး ဖြစ်ကြောင်း ကျန်းက ဆိုသည်။

နှစ်နိုင်ငံအနေဖြင့် တရုတ်-ရုရှား ဂတ်စ်ပိုက်လိုင်း စီမံကိန်း အရှေ့ပိုင်းလမ်းကြောင်းအား အကောင်အထည်ဖော်သင့်ကြောင်း၊ ပိုမိုကောင်းမွန်သော ဂတ်စ်ပိုက်လိုင်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ၊ ရေနံ-ဓာတ်ငွေ့ စံနှုန်းများနှင့် ဂတ်စ်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ခြင်း စသည့် ကဏ္ဍများ၌ ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ကျန်းက ပြောသည်။

နှစ်နိုင်ငံ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ဈေးကွက် စည်းမျဉ်းများနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိပြီး နှစ်ဦးနှစ်ဘက် ရလဒ်များ ထွက်လာမည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းသင့်ကြောင်း ကျန်းက အလေးထား ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံ Gazprom သဘာဝဓာတ်ငွေ့ အမှုဆောင်အရာရှိချုပ် Alexei Miller က ရုရှား-တရုတ် ဂတ်စ် ပူးပေါင်းဆောင်ရွက်မှုသည် ဘက်စုံ စံပြပုံစံ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး မကြုံစဖူးသော အရှိန်မြင့်မားခဲ့ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နှင့်အတူ ဂတ်စ်ပိုက်လိုင်း အရှေ့ပိုင်းလမ်းကြောင်း စီမံကိန်း တိုးမြှင့် တည်ဆောက်ရန် အသင့်ရှိကြောင်း ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.