Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

အော်လန်ဒို ပစ်ခတ်မှု တရုတ်သမ္မတ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ - Xinhua News Agency
Connect with us

Politics, Law & Military

အော်လန်ဒို ပစ်ခတ်မှု တရုတ်သမ္မတ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

တရုတ်သမ္မတ ရှီကျင့်ဖိန် အား အစည်းအဝေးပွဲ တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဇွန်လ ၁၃ ရက် က အမေရိကန်သမ္မတ ဘားရတ် အိုဘားမား ထံ ပေးပို့ခဲ့ကြောင်း သိရသည်။

ဟူစတန်မြို့ ရှိ တရုတ်ကောင်စစ်ဝန်ချုပ် က အော်လန်ဒို နိုက်ကလပ် ပစ်ခတ်မှု ၌ သေဆုံးခဲ့သူများတွင် တရုတ်နိုင်ငံသားများအား မတွေ့ရှိရကြောင်း ဇွန်လ ၁၂ ရက်တွင်ပြောကြားခဲ့သည်။
အမေရိကန် အာဏာပိုင်များသည် သေဆုံးသူ ၆ဦး၏ အမည်စာရင်းကိုသာ ထုတ်ပြန်ခဲ့ပြီး ကျန် သေဆုံးသူများ အား မည်သူ ဖြစ်ကြောင်းကို ခွဲခြားသိရှိနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တရုတ်ကောင်စစ်ဝန်ချုပ် သည် အမေရိကန်အာဏာပိုင်များ နှင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းထားပြီး အကယ်၍ သေဆုံးသူ နှင့် ဒဏ်ရာ ရရှိသူများ အနက် တရုတ် နိုင်ငံသား တစ်ဦးဦးကို တွေ့ရှိခဲ့ပါက ချက်ချင်း သတင်းပေးပို့မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.