Politics, Law & Military
၁၉ ကြိမ်မြောက် (CPC) အမျိုးသား ညီလာခံ ၏ ပထမ အကြိမ် ဗဟိုကော်မတီဝင် အစည်းအဝေး မှ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင် ၇ ဦး အား ရွေးချယ်

ပေကျင်း ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
၁၉ ကြိမ်မြောက် (CPC) အမျိုးသား ညီလာခံ ပထမ အကြိမ် ဗဟိုကော်မတီဝင် အစည်းအဝေး မှ ရှီကျင့်ဖိန် ၊ လီခဲ့ချန် ၊ လိကျန့်ဆူး (Li Zhanshu) ၊ ဝမ်းရန် (Wang Yang) ၊ ဝမ်ဟုနင် (Wang Huning) ၊ ကျောင့်လဲ့ကျိ (Zhao Leji) နှင့် ဟန်ကျိန့် (Han Zheng) တို့အား တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင် အဖြစ် ရွေးချယ် ခဲ့ကြောင်း သိရှိရသည်။
တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ရွေးချယ်ခံရသည့် ရှီကျင့်ဖိန် ၊ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင် လီခဲ့ချန် ၊ လိကျန့်ဆူး ၊ ဝမ်းရန် ၊ ဝမ်ဟုနင် ၊ ကျောင့်လဲ့ကျိ နှင့် ဟန်ကျိန့် တို့မှ အတူတကွ ပြည်သူ့ခန်းမကြီး တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာ များနှင့် တွေ့ဆုံရန် ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။(Xinhua)