Connect with us

Politics, Law & Military

တရုတ်နိုင်ငံအတွက် ကြီးမားသော အနာဂတ်အား သမ္မတ ရှီ ဂုဏ်ပြုပြောကြား


ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ်သည် ကြီးမားသော အင်အားနှင့် တက်ကြွမှုအား အထင်အရှား သရုပ်ဖော်ထားသလို တရုတ်ပြည်သူများနှင့် တရုတ်နိုင်ငံအား အလွန်ကောင်းမွန်သော မျှော်လင့်ချက်များ ကိုလည်း ပွေ့ဖက်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း ရှီကျင့်ဖိန်က ယနေ့ (အောက်တိုဘာလ ၂၄ ရက်) တွင် ပြောကြားလိုက်သည်။

“ကျွန်တော်တို့ ပါတီက သန်စွမ်း ခိုင်မာပြီး အားမာန်ပြည့်တဲ့ ခေါင်းဆောင်မှုကို ပြသထားတယ်” ဟု ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် ရှီက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီလို ကြီးမားလှတဲ့ ခေတ်ကာလမှာ နေထိုင်ရတဲ့ ကျွန်တော်တို့အားလုံး ပိုပြီး ယုံကြည်မှုနဲ့ ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ အပေါ်မှာ တာဝန်တွေ ပိုပြီး ရှိလာတယ်လို့ ခံစားရပါတယ်” ဟု အောက်တိုဘာလ ၁၈ ရက်တွင် စတင် ကျင်းပခဲ့သော ညီလာခံသို့ တက်ရောက်ရန် အထူး ဖိတ်ကြားခြင်းခံရသည့် ကိုယ်စားလှယ် ၂၃၀၀ ကျော်အား ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပသော ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ ပိတ်ပွဲ အခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဖွဲ့စည်းသည်မှာ ၉၆ နှစ်ရှိပြီ ဖြစ်ပြီး တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည်မှာ ၆၈ နှစ်ရှိလာခဲ့သလို ပြုပြင်ပြောင်းလဲမှုနှင့် ပွင့်လင်းမှုများ စတင်ဖော်ဆောင်ခဲ့သည်မှာ ၃၉ နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။

၁၈၄၀ ခုနှစ် ဘိန်းစစ်ပွဲပြီးနောက် ပြည်ပ ကျူးကျော်သူများ၏ ကျူးကျော်မှုများဖြင့် ခေတ်ဟောင်း တရုတ်နိုင်ငံ၏ ကျဉ်းထဲကျပ်ထဲရောက်နေသော အခြေအနေအား လုံးဝဥဿုံ အဆုံးသတ်စေကာ တရုတ်နိုင်ငံနှင့် ပြည်သူများကို CPC က ဦးဆောင် စည်းရုံးခဲ့ပြီး အားနည်းမှုများနှင့် ဆင်းရဲတွင်းထဲမှ ဆွဲတင်ခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.