Politics, Law & Military
APEC ထိပ်သီးအစည်းအဝေးတက်ရောက်ရန် တရုတ်နိုင်ငံသမ္မတ တောင်အမေရိကသွားမည်
ပေကျင်း ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် လာမည့်ရက်သတ္တပတ်တွင် တောင်အမေရိကတိုက်သို့တစ်ပတ်ကြာအလည်အပတ်ခရီးသွားရန်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၉ ရက်တွင် ကြေညာခဲ့သည်။
ချီလီနိုင်ငံသမ္မတ Michelle Bachelet ၊ ပီရူးနိုင်ငံသမ္မတ Pedro Palo Kuczynski နှင့် အီကွေဒေါနိုင်ငံ သမ္မတ Rafael Correa တို့၏ ဖိတ်ကြားချက်များအရ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၇ ရက် မှ ၂၃ ရက်ထိ သုံးနိုင်ငံချစ်ကြည်ရေးခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ ခရီးစဉ်အတွင်း သမ္မတရှီသည် ပီရူးနိုင်ငံ လီမာမြို့တွင် နိုဝင်ဘာလ ၁၉ ရက် မှ ၂ဝရက်အထိ ကျင်းပရန် ရှိသော ၂၄ ကြိမ်မြောက် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ( APEC) ခေါင်းဆောင်များအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။(Xinhua)