Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက COVID-19 အလွန်ခေတ်တွင် မှန်ကန်သောရွေးချယ်မှုပြုရန် တိုက်တွန်း

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၊ ဖူယွမ်ဆိပ်ကမ်းရှိ သင်္ဘောတစ်စင်းကို ပိုးသတ်ဆေးဖျန်းရန် ပြင်ဆင်နေသူအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက COVID-19 အလွန်ခေတ်တွင် ကမ္ဘာ့အုပ်ချုပ်ရေးစနစ်နှင့် နိုင်ငံတကာအစီအစဉ် တိုးတက်မှုရှိစေရန် မှန်ကန်သောရွေးချယ်မှုပြုလုပ်ရန် နိုင်ငံအားလုံးကို စက်တင်ဘာ ၂၈ ရက်က တိုက်တွန်းပြောကြားလိုက်သည်။

ကမ္ဘာကြီးသည် ဒုတိယကမ္ဘာစစ်ကြီးပြီးချိန်ကစ၍ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်အတူ အရေးပါသော သမိုင်းဝင်လမ်းဆုံတစ်ခု၌ ရောက်ရှိနေပြီဖြစ်ပြီး တစ်ကိုယ်တော်ဝါဒနှင့် အနိုင်ကျင့်ဗိုလ်ကျမှုများက ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်ကို ခြိမ်းခြောက်နေသလို ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ မြင့်တက်လာမှုက ကမ္ဘာ့စီးပွားရေးကို ထိခိုက်လျက်ရှိကြောင်း ဝမ်က ပေကျင်းမြို့တွင် ကျင်းပသည့် Lanting ဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“COVID-19 အလွန်ခေတ်မှာ ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ။ နိုင်ငံတွေအားလုံးအနေနဲ့ ဒါကို ပေါ့ပေါ့ပါးပါး သို့မဟုတ် မှားယွင်းတဲ့ရွေးချယ်မှုတွေကို မလုပ်သင့်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အထွေထွေညီလာခံအတွင်း နိုင်ငံတကာအသိုက်အဝန်းသည် ကုလသမဂ္ဂက နိုင်ငံတကာစနစ်တွင် အပြည့်စုံဆုံးသောပလက်ဖောင်းအဖြစ် ရှိနေဆဲဖြစ်ကြောင်း၊  နိုင်ငံစုံပါဝင်ရေးဝါဒက လက်ရှိ နိုင်ငံတကာအစီအစဉ်၏ အုတ်မြစ်အဖြစ် ကျန်ရှိနေကြောင်းနှင့် စည်းလုံးညီညွတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ကပ်ရောဂါမှလွတ်မြောက်မည့်နည်းလမ်းသာဖြစ်ကြောင်း ဝမ်က ဆိုသည်။

“အချို့နိုင်ငံတွေက ကုလသမဂ္ဂကို သူ့ရဲ့ကိုယ်ပိုင်နိုင်ငံရေးနဲ့ တစ်ကိုယ်ကောင်းအကျိုးစီးပွားအတွက် အသုံးချမယ့်စင်မြင့်အဖြစ် အသုံးပြုလျက်ရှိပြီး ပဋိပက္ခများနှင့် ထိပ်တိုက်ရင်ဆိုင်ရေးကို စတင်လျက်ရှိသလို နိုင်ငံတွေများစွာကလည်း နည်းလမ်းမျိုးစုံနဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့လုပ်ဆောင်မှုတွေကို ခုခံနေရတယ်” ဟု ဝမ်က ဆိုသည်။

နိုင်ငံများ ကြီးငယ်မဟူ၊ အင်အားတောင့်တင်းခြင်း သို့မဟုတ် အားနည်းခြင်း မည်သို့ပင်ရှိစေကာမူ နိုင်ငံတကာ အသိုင်းအဝိုင်း၏ သာတူညီမျှအဖွဲ့ဝင်များပင်ဖြစ်ကြောင်း၊ အင်အားတောင့်တင်းသဖြင့် နိုင်ငံတကာ စည်းမျဉ်းများကို လစ်လျူရှုရန်၊ ချိုးဖောက်ရန် လုပ်ဆောင်နိုင်သည်ဟု ယုံကြည်ထားသူများကို အချိန်ကာလက ဖြည်းဖြည်းချင်းစွန့်ခွာသွားမည်ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

ထို့ပြင် ဝမ်က နိုင်ငံများအားလုံးအနေဖြင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှုမြဲမြံစေရန်၊ သာတူညီမျှမှုနှင့် တရားမျှတမှု၏ တန်ဖိုးအတွက် မှန်ကန်စွာနေထိုင်ရန်၊ စည်းလုံးညီညွတ်မှုမှတစ်ဆင့် ကပ်ရောဂါကို တိုက်ဖျက်ရန်နှင့် ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ထိန်းသိမ်းရန် တိုက်တွန်းခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.