Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က ကူဝိတ်နိုင်ငံ စော်ဘွားသစ်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

ကူဝိတ်နိုင်ငံ၌ စက်တင်ဘာ ၃၀ ရက်က လွှတ်တော်အစည်းအဝေးမစတင်မီ စော်ဘွားသစ် အဖြစ် Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ကျမ်းသစ္စာ ကျိန်ဆိုနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကူဝိတ်နိုင်ငံ၏ စော်ဘွားသစ်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့အောက်တိုဘာ ၁ ရက်တွင် ပေးပို့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်မြှင့်တင်ရန် အတူတကွကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သဝဏ်လွှာထဲတွင် သမ္မတရှီက နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ထူထောင်ကတည်းက နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ဆက်ဆံရေး အဆင်ပြေချောမွေ့စွာဖွံ့ဖြိုးတိုးတက်လာခြင်း အပေါ် ကျေနပ်ပျော်ရွှင်ခဲ့ရကြောင်း နှင့် ရိုးသားဖြောင့်မတ်သောပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ကောင်းများ နှင့် အပြန်အလှန်ယုံကြည်မှုရှိသည့် မိတ်ဆွေကောင်းများဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။

ကူဝိတ်နိုင်ငံ၌ စက်တင်ဘာ ၃၀ ရက်က လွှတ်တော်အစည်းအဝေးမစတင်မီ စော်ဘွားသစ် အဖြစ် Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ကျမ်းသစ္စာ ကျိန်ဆိုနေစဉ် (ဆင်ဟွာ)

သမ္မတရှီက တရုတ်-ကူဝိတ် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် အလွန်အရေးကြီးကြောင်း နှင့် ၎င်းတို့၏ပြည်သူများ နှင့် နှစ်နိုင်ငံစလုံးအတွက် အကျိုးစီးပွားများကို ယူဆောင်ပေးနိုင်ရန် တရုတ်-ကူဝိတ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ရန် နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုအတွက် ကူဝိတ်စော်ဘွားသစ်နှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် တရုတ်နိုင်ငံကအသင့်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။  (Xinhua)