Politics, Law & Military
CPC ညီလာခံအား ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးပါတီကြီး ၄၅၂ခု က ချီးကျူးဂုဏ်ပြု

ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ကြိမ်မြောက် အမျိုးသားညီလာခံစတင်ကျင်းပစဉ်ကတည်းက တရုတ်ကွန်မြူနစ်ပါတီ (CPC) ထံသို့ နိုင်ငံပေါင်း ၁၆၅နိုင်ငံ၏ နိုင်ငံရေးပါတီကြီး စုစုပေါင်း ၄၅၂ပါတီ မှ ဂုဏ်ပြုသဝဏ်လွှာပေါင်း ၈၅၅စောင် ပေးပို့ခဲ့ကြောင်း တရုတ်သမ္မတရှီကျင့်ဖိန်က အောက်တိုဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
CPC ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်ရွေးကောက်ခံရသော ရှီက ၁၉ကြိမ်မြောက် CPC ဗဟိုကော်မတီနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ၏ ရွေးကောက်ခံကိုယ်စားလှယ်အသစ်များ နှင့် အတူ ပြည်သူ့ခန်းမကြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းဂုဏ်ပြုသဝဏ်လွှာများအနက် ၈၁၄စောင်မှာ နိုင်ငံခေါင်းဆောင် (သို့) အစိုးရများ (သို့) ပါတီခေါင်းဆောင်များ (သို့) အရေးကြီးသော အဖွဲ့အစည်းများမှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။
ရှီက CPC ဗဟိုကော်မတီကိုယ်စား ၎င်းက သဝဏ်လွှာပေးပို့သူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)