Politics, Law & Military
CPC ထိပ်တန်း ခေါင်းဆောင်များ အောက်တိုဘာ ၂၅ ရက်တွင် မီဒီယာနှင့် တွေ့ဆုံမည်
ပေကျင်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ် ကွန်မြူနစ်ပါတီ (CPC) ထိပ်တန်း ခေါင်းဆောင်များသည် အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းတွင် မီဒီယာနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
၁၉ ကြိမ်မြောက် CPC ဗဟို ကော်မတီ၏ ပထမဆုံး မျက်နှာစုံညီ အစည်းအဝေး၌ ရွေးချယ်ခြင်း ခံရသော ၁၉ ကြိမ်မြောက် CPC ဗဟို ကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင်များသည် တရုတ် ပြည်တွင်း ပြည်ပ သတင်းစာဆရာများနှင့် အောက်တိုဘာလ ၂၅ ရက် နံနက် ၁၁း၄၅ နာရီအချိန်တွင် ပြည်သူ့ခန်းမကြီးမှာ တွေ့ဆုံရန် စီစဉ်ထားသည်ဟု ဆိုသည်။
အဆိုပါ တွေ့ဆုံပွဲအား တရုတ် ရုပ်မြင်သံကြားနှင့် ရေဒီယို၊ အွန်လိုင်း စသည်တို့မှ တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်သည်။ (Xinhua)