Connect with us

Politics, Law & Military

CPC ညီလာခံ ပိတ်ပွဲ နှင့် ဗဟိုကော်မတီဝင် ရွေးချယ်ပွဲကို ယနေ့ကျင်းပပြုလုပ်ရန်ရှိ

၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ ကျင်းပရာ Great Hall ခန်းမအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ၏ ပိတ်ပွဲအခမ်းအနားကို ယနေ့အောက်တိုဘာလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သွားရန်ရှိပြီး CPC ဗဟိုကော်မတီ အသစ် နှင့် စည်းကမ်းထိန်းသိမ်းစောင့်ကြည့်ရေးဗဟိုကော်မရှင်(CCDI) အသစ်တစ်ခုကို ရွေးချယ်ခန့်အပ်သွားရန် ရှိကြောင်း သိရသည်။

အဆိုပါပိတ်ပွဲအခမ်းအနားသို့တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် တက်ရောက်မည်ဖြစ်သည်။

CPC ကိုယ်စားလှယ်အဖွဲ့ဝင်ပေါင်း ၂၃ဝဝ ကျော် နှင့် အထူးဖိတ်ကြားထားသော ကိုယ်စားလှယ်များသည် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ မှ တင်သွင်းခဲ့သော CPC ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း နှင့် CCDI အစီရင်ခံစာတင်သွင်းခြင်း ကိစ္စရပ်များအား အဖြေရှာရန် မျှော်လင်ခဲ့ကြသည်။

တက်ရောက်လာသော ကိုယ်စားလှယ်များအနက် အနည်းဆုံး ၈ ရာခိုင်နှုန်းကို ၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်များ နှင့် CCDI အဖွဲ့ဝင်များအဖြစ် ပြီးခဲ့သောရက်များက အကြိုရွေးချယ်မဲပေးမှုပြုလုပ်ခဲ့ကြသည်။

ညီလာခံဖွင့်ပွဲနေ့တွင် ၁၈ ကြိမ်မြောက် CPC ဗဟိုကော်မတီအဖွဲ့ဝင်များကိုယ်စား သမ္မတရှီကျင့်ဖိန်မှ တင်သွင်းခဲ့သော အစီရင်ခံစာကို ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီအမျိုးသားညီလာခံမှ ကိုယ်စားလှယ် ၃၄ ဦးက ဆွေးနွေးခဲ့ကြသည်။

ညီလာခံသို့သတင်းမီဒီယာသမားပေါင်း ၃ဝဝဝ ကျော် တက်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၁၈၁၈ ဦးမှာ ဟောင်ကောင် ၊ မကာအို နှင့် ထိုင်ဝမ် အပါအဝင် နိုင်ငံရပ်ခြားမှ သတင်းထောက်များဖြစ်ရာ ၁၈ ကြိမ်မြောက် CPC အမျိုးသားညီလာခံထက် တက်ရောက်သူဦးရေ ၆.၇ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၄ နိုင်ငံမှ နိုင်ငံခြားသတင်းထောက်များ တက်ရောက်သူဦးရေမှာ ယခင်ကျင်းပခဲ့သော ညီလာခံထက် ၁၉.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။

၅ နှစ်တစ်ကြိမ်ကျင်းပသော အမျိုးသားညီလာခံကို ယခုနှစ်အတွက် တရုတ်နိုင်ငံသည် အားလုံးက လေးစားရသည့် ခေတ်မီတိုးတက်သော လူမှုအသိုက်အဝန်းတစ်ခု နှင့် တရုတ်လူမျိုးတို့၏ သွင်ပြင်လက္ခဏာဖြင့် ခေတ်သစ်တစ်ခုဆီသို့ဆိုရှယ်လစ်ဝါဒဖြင့် ထိုးဖောက်ဝင်ရောက်နေသော အချိန်ကာလ အခါသမယအတွင်း အောက်တိုဘာ ၁၈ ရက်တွင် စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။

CPC တွင် အဖွဲ့ဝင်ပေါင်း ၈၉ သန်းကျော် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.