Politics, Law & Military
ရှင်းကျန်းဒေသသည် လူမှုအသိုင်းအဝိုင်း အေးချမ်းသာယာမှုကို ထိန်းသိမ်းထားကြောင်း CPC ကိုယ်စားလှယ်များ ပြောကြား
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း ယူအီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ၂၀၁၇ခုနှစ်တွင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် ယင်းဒေသ ၏ လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းသာယာမှုကို ခြုံငုံထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း အကြီးတန်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
အရေးယူဆောင်ရွက်မှုများတွင် အကြမ်းဖက်လှုပ်ရှားမှုများကို နှိမ်နင်းတိုက်ဖျက်ခြင်း၊ လူမျိုးစုများကို စည်းရုံးပေးခြင်း နှင့် နယ်စပ်ထိန်းချုပ်မှု အားကောင်းအောင်ဆောင်ရွက်ခြင်းတို့ပါဝင်ကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော် အူရမ်ကွီမြို့ ပါတီအတွင်းရေးမှူး ရွှီဟိုင်ရွန် ကပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ၏ ၁၉ကြိမ်မြောက် အမျိုးသားညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်သူ ရွှီ က အစောပိုင်းအဆင့်များတွင် အကြမ်းဖက်မှု ဖြိုခွဲနှိမ်နင်းခြင်းကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
၎င်းက အရေးယူဆောင်ရွက်မှုများ၏ ကျေးဇူးကြောင့် ဒေသတွင်း လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းမှုကို စည်းချက်ညီညီ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)