Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် က ခေတ်သစ်ဆိုရှယ်လစ် တရုတ်နိုင်ငံတော် ကို အောင်မြင်မှု ရရှိအောင် စည်းလုံးညီညွတ်စွာ လက်တွေ့ကြိုးပမ်း ဆောင်ရွက်ရမည်ဟု ပြောကြား

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အား ကွမ်ရှီး ကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေးပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ တွင် ၎င်းကိုယ်စားပြုသည့် ကွမ်ရှီး ကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်စဉ် ခေတ်သစ်ဆိုရှယ်လစ် တရုတ်နိုင်ငံတော် ကို အောင်မြင်မှု ရရှိအောင် စည်းလုံးညီညွတ်စွာ လက်တွေ့ကြိုးပမ်း ဆောင်ရွက်ရမည်ဟု ပြောကြား ခဲ့သည်။

လီခဲ့ချန် က ကိုယ်စားလှယ်များ နှင့် တွေ့ဆုံဆွေးနွေးစဉ် အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ခေတ်သစ် ဆိုရှယ်လစ် တရုတ် နိုင်ငံတော် တည်ဆောက်ရေး အတွေးအခေါ် ကို နက်ရှိုင်းစွာ နားလည် သိရှိထားရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းဖြင့် တရုတ် နိုင်ငံ မှ ကြုံတွေ့လားမည် အခက်အခဲများ အားလုံး ကို ဖြေရှင်းရမည် ဖြစ်ကြောင်း ၊ ပြည်သူလူထု တို့၏ တစ်နေ့တစ်ခြား လိုအပ်ချက် မြင့်မား လာသည့် လူနေမှုဘဝ ပုံစံ ကို ပြည့်စုံအောင် ဖြည့်စွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှု မညီမျှခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်များကို ဖြေရှင်းရမည် ဖြစ်ကြောင်း ၊ ပြည်သူလူထု အားလုံး သာယာနာပျော်ဖွယ်ကောင်းသည့် လူနေမှုဘဝ ရောက်ရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က တရုတ် ကွန်မြူနစ်ပါတီ ၏ ၁၉ ကြိမ်မြောက် ညီလာခံ မှ မူဝါဒ ကို လေ့လာသင်ယူ သွားရမည် ဖြစ်ပြီး ပါတီ က ပြည်သူလူထု အကျိုးစီးပွား တိုးတက်ရေး ကို ဆောင်ရွက်ပေးရမည် ဟူသည့် အခြေခံမူဝါဒ ကို ခိုင်မြဲစွာ မှတ်သားထားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဦးဆောင်သည့် ဗဟို ကော်မတီ ၏ မူဝါဒ သဘောထားနှင့် ကိုက်ညီမှု ရှိအောင် လုပ်ကိုင်ဆောင်ရွက်သွားရမည် ဖြစ်ပြီး မဟာပြိုင်ဆိုင်မှုများ ၊ မဟာစီမံကိန်းများ နှင့် မဟာ လုပ်ငန်းအကောင်အထည်မှုများ ဆောင်ရွက်ကာ ခေတ်သစ် ဆိုရှယ်လစ် တရုတ် နိုင်ငံတော် ကို တည်ထောင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.