Connect with us

Politics, Law & Military

၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ မှတ်တမ်းစာအုပ်များ အုပ်ရေ ၇၀သန်းကျော် ထုတ်ဝေရောင်းချနိုင်ခဲ့

၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံ အကြောင်း ရေးသားထားသည့် မှတ်စုစာတမ်းများ နှင့် စာအုပ်ပေါင်း ၇၁.၇သန်း ကို နိုဝင်ဘာ ၁၀ ရက်မှ စ၍ ထုတ်ဝေရောင်းချနိုင်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါ မှတ်စုစာတမ်းများတွင် အမျိုးသားညီလာခံ ဖွင့်ပွဲတွင် တင်ပြခဲ့သည့် အစီရင်ခံစာများ နှင့် ပြန်လည်ပြင်ဆင်ထားသော တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ အပါအဝင် အစီရင်ခံစာနှင့် ပတ်သက်သည့် အမေးအဖြေများ ပါဝင်ကြောင်း သိရသည်။ယင်းမှတ်စုစာတမ်း နှင့် စာအုပ်များသည် တာဝန်ရှိသူများ အတွက် ကူညီထောက်ပံ့မှု ဖြစ်စေရန်၊ အများပြည်သူသိရှိလေ့လာနိုင်ရန် နှင့် အမျိုးသားညီလာခံ၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် အကူအညီပေးနိုင်မည်ဖြစ်ကြောင်း စာနယ်ဇင်း၊ ပုံနှိပ်ထုတ်ဝေမှု၊ ရေဒီယို၊ ရုပ်ရှင် နှင့် ရုပ်သံလိုင်း ဆိုင်ရာ စီမံအုပ်ချုပ်ရေးဋ္ဌာန၏ ပြောကြားချက်အရ သိရသည်။

၎င်းတို့ကို ပြည်သူ့ပုံနှိပ်တိုက်၊ Party Building Books ပုံနှိပ်တိုက် နှင့် Xuexi ပုံနှိပ်တိုက်တို့မှ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း သိရသည်။၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) အမျိုးသားညီလာခံအား ပေကျင်းမြို့ ၌ အောက်တိုဘာ ၁၈ ရက်မှ ၂၄ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.