Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ခေတ်အမီဆုံး Dongfeng-41 တိုက်ချင်းပစ်မဟာဗျူဟာမြောက် နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များအား ထုတ်ဖော်ပြသ

တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်ထားသော Dongfeng-41 တိုက်ချင်းပစ်ဒုံးကျည်အားတွေ ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို ့၌ ယနေ ့အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် အမျိုးသားနေ ့စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ ခေတ်အမီဆုံးနည်းပညာ နှင့် စွမ်းအားအမြင့်ဆုံးဖြစ်သော Dongfeng-41 တာဝေးပစ် တိုက်ချင်းပစ်မဟာဗျူဟာမြောက်နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

ပုံစံသစ်ထုတ်လုပ်ထားသည့် Dongfeng-41 မဟာဗျူဟာမြောက်နျူကလီးယား ထိပ်ဖူးတပ်ဒုံးကျည် ၁၆ စင်းပါဝင်သော ပစ်စင်များကို အုပ်စုတစ်ခုဖွဲ ့၍ တရုတ်ပြည်သူ ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့်အခမ်းအနား၏ အုပ်စုလိုက်စစ်ရေးပြအခမ်းအနားတွင် ထျန်းအန်းမင်ရင်ပြင်ကို ဖြတ်ကျော်၍ ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်ထားသော Dongfeng-41 တိုက်ချင်းပစ်ဒုံးကျည်အားတွေ ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်ထားသော Dongfeng-41 တိုက်ချင်းပစ်ဒုံးကျည်အားတွေ ့ရစဉ်(ဆင်ဟွာ)

Dongfeng-41 ဒုံးကျည်များသည် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက်နျူကလီးယားဖွံ ့ဖြိုးတိုးတက်မှု၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ၊ မဟာဗျူဟာမြောက် အင်အားချိန်ခွင်လျှာ အပြန်အလှန်ထိန်းကြောင်းမှုတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ခု၌ပါဝင်ကြောင်း ၊ နျူကလီးယားလက်နက်အပြန်အလှန်ထိန်းချုပ်မှု နှင့် စစ်ပွဲအနိုင်ရရှိရန် အောင်မြင်မှုသော့ချက်တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်စုဖွဲ ့ချီတက်ပြသမှုကို ဒုံးပျံတပ်ဖွဲ ့၏ ဒုံးကျည်တပ်ဖွဲ ့နှစ်ခုက ပါဝင်လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)