Politics, Law & Military
တရုတ် နိုင်ငံ သမ္မတ (၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ပေကျင်းမြို့ မှ ထွက်ခွာ
ပေကျင်း ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ ဖိတ်ကြားချက် အရ ဇွန်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် (၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ပေကျင်းမြို့ မှ အထူးလေယာဉ် ဖြင့် ဂျပန် နိုင်ငံ အိုဆာကာ သို့ ထွက်ခွာ သွား ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ နှင့် အတူ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး နှင့် ဗဟို လုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် လျှိုဟဲ(Liu He) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေး ညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ညွှန်ကြားရေးမှူး ဟယ်လိဖုန်း (He Lifeng) တို့ လိုက်ပါသွား ကြောင်း သိရသည်။(Xinhua)