Connect with us

Politics, Law & Military

တရုတ် သမ္မတ နှင့် အမေရိကန် သမ္မတ တို့ G20 အစည်းအဝေး နှင့် ကိုးရီးယားကျွန်းဆွယ် အရေးကိစ္စများ နှင့်ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) တို့ မာအာလာဂို စံအိမ်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဇူလိုင် ၃ ရက်က ဖုန်းဖြင့် ဆက်သွယ်၍ နှစ်နိုင်ငံ ဆက်ဆံရေး၊ မကြာမီကျင်းပတော့မည့် G20 ထပ်သီးအစည်းအဝေး နှင့် ကိုးရီးယားကျွန်းဆွယ် အရေးကိစ္စများ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာ၌ ရှီက နှစ်နိုင်ငံခေါင်းဆောင်များ မာအာလာဂိုစံအိမ်တော်၌ တွေ့ဆုံခဲ့စဉ်ကတည်းက တရုတ် နှင့် အမေရိကန်နိုင်ငံ အကြား ဆက်ဆံရေးတွင် အရေးကြီးသော ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။တစ်ချိန်တည်းမှာပင် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အနုတ်သဘောဆောင်သည့် အကြောင်းရင်းများကြောင့် အကျိုးဆက်တစ်ချို့ ဖြစ်ပေါ်ခဲ့ပြီး တရုတ်နိုင်ငံက ၎င်း၏ရပ်တည်ချက်ကို အမေရိကန်နိုင်ငံသို့ ချပြခဲ့ပြီးဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ က အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်း မူဝါဒ ကို လေးစားလိုက်နာကြောင်း ဒေါ်နယ်ထရမ့်၏ ထပ်လောင်းအတည်ပြုပြောကြားချက်ကို တရုတ်နိုင်ငံက အလေးထားပါကြောင်း ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံသည် ထိုင်ဝမ်ဒေသ အရေးကိစ္စကို တရုတ်တစ်နိုင်ငံတည်း မူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲထုတ်ပြန်ချက် သုံးခု ဖြင့် လိုက်လျောညီထွေစွာ ကိုင်တွယ်ဆောင်ရွက်လိမ့်မည်ဟု တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ပါကြောင်း ရှီကပြောကြားခဲ့သည်။ထို့နောက် နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.