Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် G20 ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရုရှားနှင့် ဂျာမနီနိုင်ငံသို့ သွားရောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖုန်းလိယွမ် အား ယခင်နိုင်ငံတော်ခရီးစဉ် တစ်ခု၌တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ နှင့် ဂျာမနီနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ရန် နှင့် ဟမ်းဘတ်မြို့တွင်ပြုလုပ်မည့် ၁၂ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေး သို့တက်ရောက်ရန် ပေကျင်းမြို့မှ ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ရှီအား ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်၊ ဂျာမနီနိုင်ငံ သမ္မတ ဖရန့်ခ်ဝေါ်လ်တာ စတိန်းမီးယား နှင့် ဝန်ကြီးချုပ် အန်ဂျလာ မာကယ် တို့က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရှီ၏ ခရီးစဉ်တွင် ၎င်း၏ ဇနီး ဖုန်းလိယွမ်၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ မူဝါဒဆိုင်ရာ သုတေသနရုံး ညွှန်ကြားရေးမှူး ဝမ်ဟူနင်း၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် ဝမ်ယန်၊ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ် ပါတီ(CPC) ဗဟိုကော်မတီ ၏ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒါရိုက်တာ လိကျန့်ဆူး၊ နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ၊ တရုတ်ပြည်သူ့ နိုင်ငံရေးအကြံပေးကောင်စီ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ ကျုံးရှောင်ချွမ်း တို့ လိုက်ပါသွားကြကြောင်း သိရသည်။ (Xinhua)