Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် စပိန်နိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ ပနားမားနိုင်ငံ၊ ပေါ်တူဂီနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီးသွားမည်၊ G20 ထိပ်သီးအစည်းအဝေး တက်ရောက်မည်
ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စပိန်နိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ၊ ပနားမားနိုင်ငံနှင့် ပေါ်တူဂီနိုင်ငံသို့ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၅ ရက်အထိ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ အာဂျင်တီးနားနိုင်ငံ ဗျူရိုအေးရီးစ်မြို့၌ ကျင်းပမည့် ၁၃ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေး တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက နိုဝင်ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
သမ္မတ ရှီသည် စပိန်နိုင်ငံ ဘုရင် Felipe VI ၊ အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri ၊ ပနားမားနိုင်ငံ သမ္မတ Juan Carlos Varela ၊ ပေါ်တူဂီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa တို့၏ ဖိတ်ကြားချက်ဖြင့် သွားရောက်မည်ဖြစ်ကြောင်း လုက ပြောကြားခဲ့သည်။
ထို့ပြင် ရှီသည် အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri ၏ ဖိတ်ကြားချက်ဖြင့် G20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)