Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် ကာဇက်စတန်ဝန်ကြီးချုပ် တို့တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ် Bakytzhan Sagintayev (ဝဲ) တို့ နိုဝင်ဘာ ၂၂ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ကာဇက်စတန်နိုင်ငံ ဝန်ကြီးချုပ် Bakytzhan Sagintayev နှင့် နိုဝင်ဘာ ၂၂ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ပြီး မူဝါဒပူးပေါင်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံမှ အဆိုတင်သွင်းသော စီးပွားရေးပိုးလမ်းမကြီး နှင့် ကာဇက်စတန်နိုင်ငံ၏ Nurly Zhol စီးပွားရေးအစီအစဉ်များ ကောင်းမွန်စွာ ပြီးစီးနိုင်ရေးတို့ အပေါ် နှစ်နိုင်ငံစလုံးက အာရုံစိုက်ကြရန် အကြံပြုပြောဆိုခဲ့ကြကြောင်း သိရသည်။

ရှီက ကာဇက်စတန်နိုင်ငံ ၏ ပြည်သူ့အခြေပြု ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ ကို အလေးအနက်ထားပါကြောင်း၊ နိုင်ငံ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတစ်ခုနောက်သို့ လိုက်နေသည့် ကာဇက်ပြည်သူများအား တရုတ်နိုင်ငံ က ခိုင်မာစွာ ထောက်ပံ့ခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်နိုင်ငံမှ အဆိုတင်သွင်းခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု ၏ ၅နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ကြောင်း သိရသည်။

ရှီက လွန်ခဲ့သည့် ၅နှစ်တာကာလအတွင်း ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ ပြည်သူများထံသို့ ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများမှ အကျိုးအမြတ်များကို ပေးအပ်ခဲ့ကြောင်း နှင့် ကမ္ဘာ့စီးပွားရေးစနစ်အတွင်းသို့ တွန်းအားသစ်တစ်ခုကို ထည့်သွင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုတွင် ကာဇက်စတန်နိုင်ငံ၏ ခိုင်မာစွာထောက်ခံမှု နှင့် တက်ကြွစွာပါဝင်မှုတို့ကို တရုတ်နိုင်ငံက ကျေးဇူးတင်ရှိပါကြောင်း၊ ပူးတွဲတည်ဆောက်နေသည့် ခေတ်သစ်ပိုးလမ်းမကြီးမှ ခိုင်မာပြီး အခြေခံကျသည့် အကျိုးအမြတ်တစ်ခုကို နှစ်နိုင်ငံစလုံးက ခံစားနေရကြောင်းပြောကြားခဲ့သည်။

ကာဇက်ဝန်ကြီးချုပ် Sagintayev က ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုသည် ဒေသတွင်း ချိတ်ဆက်မှုကို ခိုင်မာစေရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်ရန်၊ ကမ္ဘာ့လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ ဘုံကြီးပွားမှု နှင့် အကျိုးအမြတ်ကို မြှင့်တင်ရန် အတွက် ထင်ရှားသော အမှတ်သင်္ကေတ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.