Connect with us

Politics, Law & Military

တရုတ်ရဲတပ်ဖွဲ့က iPhone များ ခိုးယူ ရောင်းချနေသည့် ဂိုဏ်း အား ဖမ်းဆီးဖြိုခွဲ

iPhone ဖုန်းအမျိုးအစားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး၊ မေ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ပြည်နယ် ရဲတပ်ဖွဲ့သည် iPhone များကို ခိုးယူ ရောင်းချနေသော ဂိုဏ်း တစ်ဂိုဏ်းအား ဖြိုခွဲနိုင်ခဲ့ပြီး သံသယရှိသူ ၄၃ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးနိုင်မှုတွင် တရုတ်ယွမ် သန်း ၁၀၀ ကျော် (အမေရိကန် ဒေါ်လာ ၁၅ သန်း) တန်ဖိုးရှိ iPhone အလုံး ၉၀၀ ကျော် အား ခန်းနန် စီရင်စု ရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်း အများပြည်သူ ဆိုင်ရာ လုံခြုံရေး ဗျူရိုက မေလ ၂၆ တွင် ထုတ်ပြန်ခဲ့သည့် သတင်းအရ သိရသည်။
တရားခံများသည် ဝက်ဘ်ဆိုဒ်တု များကို အသုံးပြု၍ ဖုန်းခိုးခံရသူများ၏ ကိုယ်ရေး အချက်အလက်များကို ရယူပြီး လျှို့ဝှက် နံပါတ်များဖြင့် ပိတ်ထားသည့် iPhone များကို ဖွင့်ကာ ပြန်လည် ရောင်းချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် တရားခံများသည် ကိုယ်ရေး အချက်အလက်များကို အသုံးပြု၍ ဖုန်းပိုင်ရှင်များထံ ခြိမ်းခြောက်စာများ ပေးပို့၍သော်လည်းကောင်း၊ ကိုယ်ရေး အချက်အလက်များကို အခြားသူများထံ ရောင်းချ၍သော်လည်းကောင်း ပြုလုပ်မှုသည် တယ်လီကွန်းဆိုင်ရာ လိမ်လည်မှုကို အလွယ်တကူ ဦးတည်စေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အခြား စုံစမ်း မှုများကို ထပ်မံ လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.