Connect with us

Politics, Law & Military

တရုတ်နှင့် ထိုင်း စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်

တရုတ်နှင့် ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးများ ဦးဆောင်သည့် နှစ်နိုင်ငံ အစည်းအဝေးအား လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့၌ မေလ ၂၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မေ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် လေ့ကျင့်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းကဲ့သို့ နယ်ပယ်များ၌ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာရေး အတွက် သဘောတူခဲ့ကြသည်။

ယင်းသို့ သဘောတူညီချက်အား တရုတ် ကာကွယ်ရေး ဝန်ကြီး Chang Wanquan နှင့် ထိုင်း ကာကွယ်ရေး ဝန်ကြီး ပရာဝတ် ဝမ်ဆူဝန်တို့ကမေလ ၂၄ ရက်ညပိုင်းတွင် ပြုလုပ်သည့် အစည်းအဝေး၌ ကတိပြုခဲ့ကြခြင်းဟု သိရသည်။
လတ်တလော နှစ်များအတွင်း နှစ်နိုင်ငံ စစ်တပ်အချင်းချင်း အထူးသဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေး ဆွေးနွေး ညှိနှိုင်းမှုများ၊ ပူးတွဲလေ့ကျင့်ခြင်းများနှင့် အမျိုးသား ကာကွယ်ရေး လုပ်ငန်း စသည့် ပူးပေါင်းဆောင်ရွက်မှုများ အတွက် Chang က ချီးကျူးလိုက်သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ ချမှတ်ထားသည့် အရေးပါသော သဘော တူညီချက်များနှင့် တရုတ်- ထိုင်း ချစ်ကြည်ရေး ခိုင်မြဲစေရန် နှစ်နိုင်ငံ အကြား မဟာဗျူဟာကျ ဆက်သွယ်ရေး ပိုမို အကောင်အထည်ဖော်နိုင်ရန်လည်း ၎င်းက မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
ထိုင်း ကာကွယ်ရေး ဝန်ကြီး ပရာဝတ်ကလည်း နှစ်နိုင်ငံအကြား အဆင့်မြင့် ဖလှယ်မှုများအား မကြာခဏ ပြုလုပ်မည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သလို နှစ်ဘက် စစ်တပ်အကြား တပ်သား ဖလှယ်ခြင်းနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်နိုင်မည်ဟု ၎င်း၏ မျှော်လင့်ချက်အား ဖော်ပြခဲ့သည်။
နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးများသည် တောင်တရုတ် ပင်လယ် အပါအဝင် ကမ္ဘာနှင့် ဒေသတွင်း ရေးရာများ အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.