Politics, Law & Military
ဖုန်လိယွမ်နှင့် စပိန်နိုင်ငံ မိဖုရား လဲတီဇီးယားတို့ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာအား သွားရောက်လေ့လာကြည့်ရှု
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ ၏ မိဖုရား လဲတီဇီးယားနှင့်အတူ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာအား သွားရောက် လေ့လာကြည့်ရှုခဲ့သည်။ဖုန်လိယွမ်နှင့် လဲတီဇီးယားတို့သည် သရုပ်စင်တာ၏ မသန်စွမ်းသူ ဝန်ဆောင်မှု စီမံကိန်းအခြေအနေ မိတ်ဆက်မှုကို ကြားနာခဲ့ပြီး ပေကျင်း ဆောင်းရာသီ မသန်စွမ်းသူ အိုလံပစ်အားကစားပြိုင်ပွဲ အဓိကအကြောင်းအရာပြပွဲအား လေ့လာကြည့်ရှုခဲ့သည်။ ထို့နောက် သိပ္ပံနည်းပညာဖြင့် မသန်စွမ်းသူများ ကူညီပေးခြင်းရလဒ်ပြခန်းနေရာ၊ ပရဟိတစာဖတ်ခန်းနေရာတို့တွင် တရုတ်နိုင်ငံ၏ မသန်စွမ်းသူများ အထောက်အကူပြုထုတ်ကုန် လက်တွေ့အသုံးပြုမှု၊ မသန်စွမ်း ကလေးသူငယ်များ စာပေဖတ်ရှုခြင်း အစီအစဉ်၊ အတားအဆီးမဲ့ အဆောက်အဦများ တည်ဆောက်မှု စသည့် အခြေအနေများကို လေ့လာကြည့်ရှုခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ ၏ မိဖုရား လဲတီဇီးယားနှင့်အတူ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာအား သွားရောက် လေ့လာကြည့်ရှုခဲ့ရာ ဖုန်လိယွမ်နှင့် လဲတီဇီးယားတို့က လက်မှုအနုပညာထုတ်ကုန်များပြုလုပ်သည့် မသန်စွမ်းသူနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံခေါင်းဆောင်၏ ဇနီးများက မုန့်ဖုတ်နည်းပညာမွမ်းမံသင်တန်း၊ လက်မှုပစ္စည်း ပြုလုပ်မှုနှင့် ပန်းချီရေးဆွဲမှု လုပ်ဆောင်နေသော မသန်စွမ်းသူများနှင့် ရင်းရင်းနှီးနှီး ပြောဆိုဖလှယ်ခဲ့ကြပြီး ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှုလုပ်နေသော မသန်စွမ်းကလေးသူငယ်များကို အားပေးနှစ်သိမ့်ခဲ့သည်။ ထို့အပြင် မျက်မမြင်ကလေးသူငယ်များက “သံစဉ်နှင့် အပြုံး” သီချင်း သီဆိုမှုကိုလည်း နားဆင်အားပေးခဲ့ရာ နွေးထွေးချစ်ကြည်ရင်းနှီးသော အငွေ့အသက်များဖြင့် ကြိုင်လှိုင်ခဲ့သည်။
ဖုန်လိယွမ်က မသန်စွမ်းသူများ လူမှုအသိုက်အဝန်းတွင် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းပါဝင်နိုင်ရန်အတွက် မသန်စွမ်းသူများလုပ်ငန်းသည် ဘက်အသီးသီးက အတူတကွကြိုးပမ်းရန်၊ ပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ တရုတ်-စပိန်နှစ်နိုင်ငံသည် ပူးပေါင်းဖလှယ်မှုအား တစ်ဆင့်တိုးမြှင့်တင်၍ မသန်စွမ်းသူများအိပ်မက် အကောင်အထည်ဖော်မှုကို အတူကူညီလုပ်ဆောင်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
လဲတီဇီးယားက တရုတ်နိုင်ငံ မသန်စွမ်းသူလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် အမျိုးသမီး မသန်စွမ်းသူများ၏ အခြေအနေအား အသေးစိတ်လေ့လာမေးမြန်းခဲ့ပြီး တရုတ်နိုင်ငံက ရရှိထားသည့် အောင်မြင်မှုများအပေါ် အထူးချီးမွမ်းပြောကြားခဲ့သည်။ (Xinhua)
——————————————-
(Chinese Version)
彭丽媛同西班牙王后莱蒂西娅参观北京市残疾人服务示范中心
新华社北京11月12日电(记者温馨、冯歆然)11月12日上午,国家主席习近平夫人彭丽媛和陪同西班牙国王费利佩六世来华进行国事访问的王后莱蒂西娅参观北京市残疾人服务示范中心。
彭丽媛和莱蒂西娅听取示范中心残疾人服务项目情况介绍,参观北京冬残奥会主题展,随后在科技助残成果展区、公益阅读区了解中国助残产品运用、残疾儿童阅读活动、无障碍设施建设等情况。两国元首夫人同正在进行烘焙技艺培训、手工艺品制作和绘画创作的残疾人亲切交流,看望正在接受康复训练的残疾儿童,欣赏盲童演唱《歌声与微笑》,现场气氛温馨友好。
彭丽媛表示,残疾人事业需要各方共同努力、提供支持,帮助残疾人更好融入社会。中西两国可以进一步加强交流合作,共同助力残疾人实现梦想。莱蒂西娅详细询问中国残疾人事业发展特别是女性残疾人就业情况,对中国取得的成就给予高度评价。(完)
图说1:11月12日上午,国家主席习近平夫人彭丽媛和陪同西班牙国王费利佩六世来华进行国事访问的王后莱蒂西娅参观北京市残疾人服务示范中心。这是彭丽媛和莱蒂西娅在公益阅读区了解残疾儿童阅读活动。 新华社记者 丁林 摄
图说2:11月12日上午,国家主席习近平夫人彭丽媛和陪同西班牙国王费利佩六世来华进行国事访问的王后莱蒂西娅参观北京市残疾人服务示范中心。这是彭丽媛和莱蒂西娅同进行手工艺品制作的残疾人合影。 新华社记者 李响 摄
