Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ရေတပ် စီချွမ်းသင်္ဘော၏ ပထမဆုံးအကြိမ် ရေကြောင်းခရီးစမ်းသပ်မှု လုပ်ဆောင်

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ 076 ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေးသင်္ဘောဖြစ်သည့် ပထမဆုံးသင်္ဘော စီချွမ်းသင်္ဘောကို နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီခန့်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဟုတုန်းကျုံးဟွာသင်္ဘောကျင်းဆိပ်ကမ်းမှ သက်ဆိုင်ရာ ပင်လယ်ပြင်သို့ သွားရောက်ပြီး ပထမဆုံးအကြိမ် ရေကြောင်းခရီးစမ်းသပ်မှုတာဝန် လုပ်ဆောင်ရန် ကြိုးဖြုတ်၍ ခရီးစဉ်စတင်ခဲ့ကြောင်း သိရသည်။

ယခုအကြိမ် ပင်လယ်ခရီးစမ်းသပ်မှုတွင် အဓိကအားဖြင့် စီချွမ်းသင်္ဘော၏ မောင်းနှင်အား၊ လျှပ်စစ်အား စသည့် စနစ်ပိုင်းဆိုင်ရာ ယုံကြည်ရမှုနှင့် တည်ငြိမ်မှုတို့အား စမ်းသပ်သွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် စတင်ရေချပြီးနောက် စီချွမ်းသင်္ဘော၏ တည်ဆောက်ရေးလုပ်ငန်းများကို အစီအစဉ်အတိုင်း တည်ငြိမ်စွာ တွန်းအားပေးဖော်ဆောင်ခဲ့ရာ သင်္ဘော ကမ်းကပ်စမ်းသပ်မှုနှင့် တပ်ဆင်ထားသော စက်ပစ္စည်းများ ချိန်ညှိမှုတို့ကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်ပြီးစီးခဲ့သောကြောင့် ပင်လယ်ပြင်သို့ထွက်ခွာ၍ စမ်းသပ်ရန် လိုအပ်ချက်များနှင့် ပြည့်မီကြောင်း သိရသည်။ (Xinhua)

—————————
海军四川舰开展首次航行试验
新华社上海11月14日电(张皓凝、张懋瑄)14日9时许,我国076两栖攻击舰首舰四川舰从上海沪东中华造船厂码头解缆启航,赴相关海域开展首次航行试验任务。
这次海试将主要检测验证四川舰动力、电力等系统的可靠性和稳定性。
据了解,自2024年12月下水以来,四川舰建造工作按计划稳步推进,顺利完成系泊试验和装设备调试,具备出海试验的技术条件。(完)
图说:11月14日9时许,我国076两栖攻击舰首舰四川舰从上海沪东中华造船厂码头解缆启航,赴相关海域开展首次航行试验任务。华社发(张良 摄)