Connect with us

Politics, Law & Military

လီချန်နှင့် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်း တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းတို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် ထိုင်းနိုင်ငံ ဘုရင် မဟာဝဇီရာလောင်ကွန်းတို့သည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် လီချန်က တရုတ်-ထိုင်းသည် ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်သည် ဘုရင်မင်းမြတ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်-ထိုင်းဆက်ဆံရေးအား တစ်ဆင့်တိုးနက်ရှိုင်းစေရေးနှင့် စပ်လျဉ်း၍ အရေးကြီး သဘောတူညီချက် ရရှိခဲ့ကြောင်း၊ “တရုတ်-ထိုင်း မိသားစုပမာ ချစ်ကြည်ရင်းနှီး” ကြရာ တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို ထိန်းသိမ်းထားပြီး အိမ်နီးချင်းနိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲသွားစေလိုကြောင်း၊ အပြန်အလှန်ခိုင်မြဲစွာ ထောက်ခံအားပေးပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာဖော်ဆောင်သွားလိုကြောင်း၊ တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုတွင် ပိုမိုများပြားသော အကျိုးရလဒ်များ ရရှိရန် တွန်းအားပေးခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-ထိုင်းသည် စီးပွားရေးအရ အပြန်အလှန်ဖြည့်ဆည်းပေးနိုင်မှု မြင့်မားကြောင်း လီချန်က ထောက်ပြပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ နှစ်ဖက်ကုန်သွယ်ရေးနှင့် နှစ်ဖက်အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုပမာဏကို ဆက်လက်တိုးချဲ့ပြီး အစိမ်းရောင်စီးပွားရေး၊ ဉာဏ်ရည်တု (AI)၊ အာကာသနှင့် လေကြောင်း စသည့် ထွန်းသစ်စကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်သွားလိုကြောင်း၊ တရုတ်-ထိုင်းသည် ပထဝီတည်နေရာချင်းနီးကပ်ပြီး လူမှုယဉ်ကျေးမှုချင်းအကျွမ်းတဝင်ရှိကြကြောင်း၊ နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှု၊ ခရီးသွားလာရေး စသည့်ကဏ္ဍများ၌ ပူးပေါင်းဖလှယ်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသော အခြေခံအား ခိုင်မြဲစွာ အုတ်မြစ်ချရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မဟာဝဇီရာလောင်ကွန်းက ထိုင်း-တရုတ် အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် နက်ရှိုင်းပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝကာ အနာဂတ်အလားအလာ ကျယ်ပြန့်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုသည် လတ်တလောနှစ်ပိုင်းအတွင်း ကြီးမားသောအောင်မြင်မှုများ ရရှိခြင်းကို အထူးတန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုအား မြှင့်တင်ပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေကာ အတူတကွဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းထက်တွင် ရှေ့သို့ လက်တွဲအတူချီတက်သွားလိုကြောင်း ပြောကြားခဲ့သည်။အထက်ပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝူကျိန့်လုန် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————–
(Chinese Version)
李强会见泰国国王哇集拉隆功
新华社北京11月14日电 11月14日上午,国务院总理李强在北京人民大会堂会见来华进行国事访问的泰国国王哇集拉隆功。
李强表示,中泰是好亲戚、好朋友、好伙伴。今天上午,习近平主席同国王陛下举行会晤,就进一步深化中泰关系达成重要共识。“中泰一家亲”,中方愿同泰方保持高层交往,巩固睦邻友好,坚定相互支持,深化互利合作,推动中泰命运共同体建设取得更多成果,更好造福两国人民。
李强指出,中泰经济互补性强。中方愿同泰方继续扩大双边贸易和双向投资规模,拓展绿色经济、人工智能、航空航天等新兴领域合作。中泰地缘相近、人文相亲,双方要深化文化、旅游等领域交流合作,打牢两国人民的友好根基。
哇集拉隆功表示,泰中传统友谊深厚,各领域合作成果丰富,前景广阔。泰方高度赞赏中国经济社会发展近年来取得的巨大成就,愿同中方加强友好交往,深化务实合作,在共同发展的道路上携手前行。
吴政隆参加会见。(完)
图说:11月14日上午,国务院总理李强在北京人民大会堂会见来华进行国事访问的泰国国王哇集拉隆功。 新华社记者 黄敬文 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.