Politics, Law & Military
ဝမ်ရိနှင့် ဆီးရီးယား အသွင်ကူးပြောင်းရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး Asaad Hassan al-Shibani တွေ့ဆုံဆွေးနွေး
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး Asaad Hassan al-Shibani နှင့် နိုဝင်ဘာ ၁၇ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ဆီးရီးယားပြည်သူတစ်ရပ်လုံးအား မျက်နှာမူသည့် ချစ်ကြည်ရင်းနှီးရေးမူဝါဒကို ကျင့်သုံးသလို ဆီးရီးယားပြည်သူများ၏ ကိုယ်ပိုင်ရပ်တည်ရွေးချယ်မှုကို လေးစားကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် တစ်ဦး၏ ဗဟိုအကျိုးစီးပွားများကို တစ်ဦးက အပြန်အလှန်လေးစားမှုအား အခိုင်အမာ လက်ကိုင်ထားရန်၊ အပြန်အလှန် ပြည်တွင်းရေးမစွက်ဖက်မှုကို အခိုင်အမာ လက်ကိုင်ထားရန်၊ ချစ်ကြည်ရင်းနှီးသောအစဉ်အလာကို ဆက်လက်မြှင့်တင်ရန်၊ တရုတ်-ဆီးရီးယား ဆက်ဆံရေး၏ ဦးတည်ရာကို တည့်မတ်မှန်ကန်စွာ ထားရှိရန်၊ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်လမ်းကြောင်းသို့ ပြန်လည်ရောက်ရေးကို ဖော်ဆောင်ရန် လုပ်ဆောင်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ ဆီးရီးယား လုံခြုံရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်မှုကို တွန်းအားပေးရန်အတွက် အကျိုးပြုသော အင်အားအဖြစ် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Asaad Hassan al-Shibani က ဆီးရီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ စောင့်ထိန်းကြောင်း၊ နိုင်ငံစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်တင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်ဖက်အနေဖြင့် တရုတ်-ဆီးရီးယား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)
—————————–
(Chinese Version)
王毅同叙利亚过渡政府外长希巴尼会谈
新华社北京11月17日电 中共中央政治局委员、外交部长王毅17日在北京同叙利亚过渡政府外长希巴尼举行会谈。
王毅表示,中方奉行面向全体叙人民的友好政策,尊重叙人民自主作出的选择。双方应当坚持相互尊重彼此核心利益,坚持互不干涉内政,弘扬接续友好传统,校准中叙关系航向,实现两国关系重回正轨。中方愿同国际社会一道,为推动叙利亚实现安全和稳定贡献力量。
希巴尼说,叙方坚定恪守一个中国原则,愿进一步加强多边沟通协作。
会谈后,双方发表了中叙两国外交部长联合声明。(完)
图说:11月17日,中共中央政治局委员、外交部长王毅在北京同叙利亚过渡政府外长希巴尼举行会谈。 新华社记者 金良快 摄
