Connect with us

Politics, Law & Military

လီချန်နှင့် ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Irakli Kobakhidze တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၈ ကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တက်ရောက်သည့် ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Irakli Kobakhidze တို့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၈ ကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) တက်ရောက်သည့် ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Irakli Kobakhidze တို့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် လီချန်က တရုတ်-ဂျော်ဂျီယာ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၃၃ နှစ်အတွင်း အစဉ်အမြဲ အပြန်အလှန်လေးစား၍ အပြန်အလှန်နားလည်ကာ အချင်းချင်း အဓိကအကျိုးစီးပွားများနှင့် အရေးကြီး ဂရုပြုချက်များကို ခိုင်မာစွာ ထောက်ခံအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်သည့်အချိန်မှစ၍ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဖော်ဆောင်ခဲ့ပြီး ရလဒ်အသစ်များစွာ ရရှိခဲ့ကာ နှစ်နိုင်ငံပြည်သူများကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျော်ဂျီယာနိုင်ငံနှင့်အတူ မိတ်ဆွေစစ်၊ မိတ်ဖက်ကောင်း အစဉ်အမြဲလုပ်ဆောင်ပြီး အပြန်အလှန် ထောက်ခံအားပေးသည့် ကောင်းမွန်သော အစဉ်အလာအား မြှင့်တင်ဖော်ဆောင်သွားလိုကြောင်း၊ မဟာဗျူဟာညှိနှိုင်းပူးပေါင်းမှုအား တိုးမြှင့်၍ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ပြီး ခေတ်မီအသွင်ပြောင်းရေး တည်ဆောက်မှုအား အတူတကွ တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုအကျိုးပြုသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-ဂျော်ဂျီယာနှစ်နိုင်ငံ၏ စီးပွားရေးအရ အပြန်အလှန်အားဖြည့်ပေးမှု မြင့်မားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျော်ဂျီယာနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုကို တစ်ဆင့်တိုး မြှင့်တင်သွားလိုကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်း ပူးပေါင်းဆောင်ရွက်မှုကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ နှစ်နိုင်ငံအစိုးရကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ အခန်းကဏ္ဍအား ပိုမိုကောင်းမွန်စွာ အသုံးပြုသွားလိုကြောင်း၊ နှစ်ဖက်၏ အကျိုးစီးပွားအရ ကိုက်ညီမှုရှိသည့်အခြေအနေများစွာကို ဖော်ထုတ်ကာ တရုတ်-ဂျော်ဂျီယာ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် အရည်အသွေးမြှင့် ထိရောက်မှုတိုးပွားစေရန် တွန်းအားပေးသွားလိုကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုအား လက်တွေ့အဆုံးသတ်ခြင်းကို အခါအခွင့်အဖြစ်ထားရှိကာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အပြန်အလှန်ချိတ်ဆက်မှု စသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ စွမ်းအင်သစ်၊ ဉာဏ်ရည်တု (AI) စသည့် ထွန်းသစ်စလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ရမည်ဖြစ်ကြောင်း၊ ဂျော်ဂျီယာနိုင်ငံအနေဖြင့် တရုတ်လုပ်ငန်းကုမ္ပဏီများအတွက် ကောင်းမွန်သော စီးပွားရေးလည်ပတ်မှုပတ်ဝန်းကျင် ဆက်လက်ဖန်တီးပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ဂျော်ဂျီယာနိုင်ငံနှင့်အတူ ခရီးသွားလာရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှု၊ လူငယ် စသည့် ကဏ္ဍများတွင် ကူးလူးဖလှယ်မှုများကို မြှင့်တင်ကာ နှစ်ဖက်၏ ပြည်နယ်၊ ပြည်နယ်ခွဲ၊ မြို့များစွာ မိတ်ဖက်မြို့ဖွဲ့ခြင်းကို အားပေးပြီး နှစ်နိုင်ငံပြည်သူများ ပိုမိုရင်းနှီးသိကျွမ်းလာမှုကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နှင့် ဂျော်ဂျီယာနိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဖြစ်သည့်နည်းတူ နိုင်ငံစုံ ချိတ်ဆက်ညှိနှိုင်းမှုကို မြှင့်တင်၍ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို အကောင်အထည်ဖော်သင့်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်စွာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးကို အခိုင်အမာ လက်ကိုင်ထားကာ ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေး စည်းစနစ်နှင့် နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ကာကွယ်သွားသင့်ကြောင်း လီချန်က ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံတကာအခြေအနေအောက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းခြင်း၊ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ကာကွယ်ခြင်း ဟူသည့် တာဝန်သိစိတ်ရှိသော နိုင်ငံကြီး အခန်းကဏ္ဍကို အသုံးပြုကာ လှုပ်ခတ်နေသော ကမ္ဘာကြီးအတွက် အဖိုးတန်သော တည်ငြိမ်မှုကို ဖြည့်တင်းပေးသွားလိုကြောင်း၊ ဂျော်ဂျီယာနိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်က အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို မြှင့်တင်ကာ ကမ္ဘာကြီးငြိမ်းချမ်းတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွမြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲပြီးနောက် နှစ်နိုင်ငံဝန်ကြီးချုပ်များသည် ကုန်သွယ်ရေး၊ ဉာဏ်ရည်တု (AI)၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပိုးမွှားရောဂါ ကင်းရှင်းရေး စစ်ဆေးမှု၊ ယဉ်ကျေးမှု၊ အာကာသ စသည့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုစာချုပ်များစွာ လက်မှတ်ရေးထိုးမှုကို အတူတကွ သက်သေထူခဲ့ကြသည်။
အထက်ပါအခမ်းအနားအစီအစဉ်များတွင် ချန်ကျီနင်၊ ဝူကျိန့်လုန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

———————————–
(Chinese Version)
第八届进博会|李强会见格鲁吉亚总理科巴希泽
新华社上海11月4日电(记者吴宇、邵艺博)11月4日下午,国务院总理李强在上海会见来华出席第八届中国国际进口博览会的格鲁吉亚总理科巴希泽。
李强表示,中格建交33年来,始终相互尊重、相互理解,坚定支持彼此核心利益和重大关切。2023年两国建立战略伙伴关系以来,各领域合作加速推进,取得不少新的成果,实实在在惠及了两国人民。中国愿同格鲁吉亚始终做真朋友、好伙伴,发扬相互支持的优良传统,加强战略沟通,拓展务实合作,共同推进现代化建设,更好造福两国人民。
李强指出,中格两国经济互补性强,中方愿同格方进一步加强发展战略对接,以高质量共建“一带一路”合作为引领,更好发挥两国政府间经贸合作委员会作用,发掘双方更多利益契合点,推动中格合作不断提质增效。双方要以实质性结束双边自贸协定升级谈判为契机,深化贸易、投资、互联互通等合作,拓展数字经济、新能源、人工智能等新兴产业合作,希望格方继续为中国企业提供良好营商环境。中方也愿同格方加强旅游、教育、科技、文化、青年等领域交流,鼓励双方更多省州市结好,促进两国人民更加相知相亲。中格同为全球南方国家,应当加强多边沟通协调,落实习近平主席提出的四大全球倡议,团结广大发展中国家一道,坚持多边主义和自由贸易,捍卫全球经贸秩序和国际公平正义。
科巴希泽表示,中国是格鲁吉亚的战略伙伴,格中关系在相互尊重、相互信任基础上不断发展,人民友谊日益深化。格方坚定恪守一个中国原则,愿同中方密切各层级交往,在共建“一带一路”倡议框架内,发挥好双边自贸协定作用,进一步拓展贸易、投资、互联互通、教育、旅游等领域合作,促进人员往来。当前国际形势下,中国发挥了维护世界和平、捍卫公平正义的负责任大国作用,为动荡的世界注入宝贵稳定性。格方支持习近平主席提出的四大全球倡议,愿同中方加强多边协作,共同促进世界和平稳定发展。
会见后,两国总理共同见证签署贸易、人工智能、农业、环保、检验检疫、文化、航空等多项双边合作文件。
陈吉宁、吴政隆参加上述活动。(完)
图说:11月4日下午,国务院总理李强在上海会见来华出席第八届中国国际进口博览会的格鲁吉亚总理科巴希泽。 新华社记者 黄敬文 摄