Politics, Law & Military
G20 ပူးပေါင်းဆောင်ရွက်မှုတွင် တောင်အာဖရိက ဆက်လက် ပါဝင်ဆောင်ရွက်ရန် ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန်က ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ (G20) ၏ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူပြီးနောက် ၂၀၂၆ ခုနှစ် G20 ထိပ်သီးအစည်းအဝေးနှင့် G20 မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်ရန် တောင်အာဖရိကအား ဖိတ်ကြားမည်မဟုတ်ဟု လူသိရှင်ကြား ပြောကြားခဲ့ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက တရုတ်နိုင်ငံအနေဖြင့် G20 ပူးပေါင်းဆောင်ရွက်မှုတွင် တောင်အာဖရိက ဆက်လက်ပါဝင်ဆောင်ရွက်ခြင်းကို ထောက်ခံကြောင်း ဒီဇင်ဘာ ၁၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။“တောင်အာဖရိဟာ ပြီးခဲ့လက G20 ဂျိုဟန်နက်စ်ဘာ့ခ်မြို့ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အထူးချီးကျူးမှုရရှိခဲ့တယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ G20 သည် ကာလရှည်ကြာစွာ စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှု၊ တန်းတူညီမျှစွာ ညှိနှိုင်းဆွေးနွေးမှုများကို အခိုင်အမာ ထိန်းသိမ်းထားကြောင်း၊ တောင်အာဖရိကသည် G20 စတင်တည်ထောင်သည့်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နှစ်အဆက်ဆက် ကျင်းပသော G20 ထိပ်သီးအစည်းအဝေးတိုင်းကို တက်ရောက်ခဲ့ကာ G20 တွင် အရေးပါသော အခန်းကဏ္ဍမှ ရေရှည် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ တောင်အာဖရိက G20 ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဆက်လက်ပါဝင်ဆောင်ရွက်ခြင်းကို ထောက်ခံအားပေးသလို တောင်အာဖရိကအပါအဝင် G20 အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့အတူ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ ကာကွယ်ဖို့၊ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်စေဖို့အတွက် ခွန်အားတွေ ပံ့ပိုးကူညီပေးသွားဖို့ မျှော်လင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
#တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန #တောင်အာဖရိက #G20 #အမေရိကန်
……………………..
(Chinese Version)
外交部:支持南非继续参与二十国集团合作
新华社北京12月12日电(记者孙楠)就美国在接任二十国集团(G20)主席国后公开表示不会邀请南非参与2026年G20峰会以及G20框架内合作,外交部发言人郭嘉昆12日在例行记者会上表示,中方支持南非继续参与二十国集团合作。
“南非上个月成功举办二十国集团约翰内斯堡峰会,国际社会给予了高度评价。”郭嘉昆说,二十国集团长期坚持团结合作、平等协商。南非是二十国集团创始成员国,出席了历届二十国集团峰会,长期在二十国集团发挥重要作用。
“中方支持南非继续参与二十国集团合作,期待同南非在内所有二十国集团成员一道,为捍卫多边主义、促进世界经济增长、完善全球经济治理贡献力量。”郭嘉昆说。(完)
这是11月22日在南非约翰内斯堡拍摄的二十国集团领导人第二十次峰会会场内景。新华社记者 陈为 摄
