Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ် အကြံပြုချက်က ဇင်ဘာဘွေ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးအခွင့်အလမ်းများ ပံ့ပိုးပေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့လာရောက်၍ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတက်ရောက်သည့် ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဟာရာရီ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ် အကြံပြုချက်နှင့် ဇင်ဘာဘွေနိုင်ငံ၏ “၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်” ချိတ်ဆက်မှုအား မြှင့်တင်ခြင်းသည် ဇင်ဘာဘွေ-တရုတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးအခွင့်အလမ်းများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဇင်ဘာဘွေ “အစိုးရ” သတင်းဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြခဲ့သည်။ ဆောင်းပါး အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။အမျိုးသားလွတ်မြောက်ရေး ကာလတွင်ဖြစ်စေ လတ်တလောနှစ်ပိုင်းအတွင်း ဇင်ဘာဘွေနိုင်ငံက Kariba တောင်ဘက်ကမ်း ရေအားလျှပ်စစ်စက်ရုံ တိုးချဲ့ခြင်း၊ Victoria Falls လေဆိပ် တိုးချဲ့ပြင်ဆင်တည်ဆောက်မှု စသည့် စီမံကိန်းများဖော်ဆောင်မှုတွင်ဖြစ်စေ တရုတ်နိုင်ငံသည် ဇင်ဘာဘွေနိုင်ငံအား ထောက်ခံအားပေးခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ၏ “၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်” ဒုတိယအဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ် အကြံပြုချက်သည် များစွာကိုက်ညီမှုရှိရာ ၎င်းတို့နှစ်ခုချိတ်ဆက်မှုကို တွန်းအားပေးခြင်းသည် ဇင်ဘာဘွေနိုင်ငံ၏ စွမ်းအင်၊ ကုန်ထုတ်လုပ်ငန်း၊ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုနှင့် လျှပ်စစ်ကား စသည့်ကဏ္ဍ၌ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်ခြေရှိသည်။ ဇင်ဘာဘွေနိုင်ငံအနေဖြင့် အဆိုပါအခွင့်အလမ်းအား အမိအရဖမ်းဆုပ်နိုင်မည်ဆိုပါက ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်သည် ဇင်ဘာဘွေနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် မှတ်ကျောက်တင်နိုင်သော အနက်အဓိပ္ပာယ်ရှိသည့် အဆင့်ဖြစ်လာနိုင်ပြီး ဇင်ဘာဘွေ-တရုတ် အချိန်အခါမရွေး အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တစ်ဆင့်တိုး တွန်းအားပေးနိုင်မည်ဖြစ်သည်။

ဇင်ဘာဘွေနိုင်ငံက အဆိုပြုထားသည့် “၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်” မှာ ၂၀၃၀ ပြည့်နှစ်သို့ ရောက်ရှိချိန်တွင် နိုင်ငံစီးပွားရေးသည် အလယ်အလတ်အဆင့်ဝင်ငွေရှိ နိုင်ငံအဆင့် သို့ ဖွံ့ဖြိုးတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုကို အခြေခံအားဖြင့် ဖယ်ရှားနိုင်ရန်ဖြစ်သည်။ အဆိုပါမျှော်မှန်းချက်အား အကောင်အထည်ဖော်နိုင်ရန်အတွက် ဇင်ဘာဘွေနိုင်ငံအစိုးရက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ အဆင့်နှစ်ဆင့်ဖြင့် ဖော်ဆောင်လျက်ရှိပြီး ဒုတိယအဆင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်။ (Xinhua)

—————————
(Chinese Version)
全球瞭望|津巴布韦媒体:中国“十五五”规划建议为津中合作提供重要机遇
新华社哈拉雷12月14日电(记者许正)津巴布韦“政府”新闻网站日前刊文说,加强中国“十五五”规划建议与津巴布韦“2030愿景”对接将为津中合作提供重要机遇。文章摘要如下:   无论是在民族解放时期,还是近年津巴布韦在实施卡里巴南岸水电站扩容、维多利亚瀑布城机场改扩建等重大项目中,中方都给予津方支持,两国合作持续深化。
津巴布韦“2030愿景”第二阶段国家发展战略与中国“十五五”规划建议高度契合,推动两者对接有望使津巴布韦加快在能源、制造业、数字创新以及电动汽车等领域的发展。如果津巴布韦能够抓住这一机遇,2026至2030年将成为津巴布韦发展中具有里程碑意义的阶段,将进一步推动津中全天候命运共同体建设。
津巴布韦政府提出“2030愿景”,即到2030年将国民经济发展到中等收入国家水平,基本消除贫困。为实现这一愿景,津政府实施两个阶段的国家发展战略,第二阶段国家发展战略将于2026至2030年间实施。(完)
图说:9月4日上午,国家主席习近平在北京人民大会堂会见来华出席纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的津巴布韦总统姆南加古瓦。新华社记者 李响 摄