Politics, Law & Military
“တရုတ်နိုင်ငံ၏ ခေတ်သစ် လက်နက်ထိန်းချုပ်ရေး၊ လက်နက်လျှော့ချရေးနှင့် လက်နက်မပြန့်ပွားရေး” စက္ကူဖြူစာတမ်းက တရုတ်နိုင်ငံ၏ တာဝန်ယူမှုနှင့် တာဝန်သိမှုကို ပေါ်လွင်စေ
ဂျီနီဗာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဂျီနီဗာအခြေစိုက် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ နိုင်ငံစုံနန်းတော်၌ “တရုတ်နိုင်ငံ၏ ခေတ်သစ် လက်နက်ထိန်းချုပ်ရေး၊ လက်နက်လျှော့ချရေးနှင့် လက်နက်မပြန့်ပွားရေး” စက္ကူဖြူစာတမ်း မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့ရာ တရုတ်နိုင်ငံ လက်နက်လျှော့ချရေး သံအမတ်ကြီး စိန်ကျန့်တက်ရောက်၍ စက္ကူဖြူစာတမ်း၏ အဓိကအကြောင်းအရာနှင့် အရေးကြီးအနက်အဓိပ္ပာယ်အကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဂျီနီဗာအခြေစိုက် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ လက်နက်လျှော့ချရေး သံအမတ်ကြီး၊ Think Tank ပညာရှင်များ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်တက်ရောက်ခဲ့သည်။
စိန်ကျန့်က ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့် သမိုင်းဝင်အခိုက်အတန့်တွင် တရုတ်နိုင်ငံသည် လက်နက်ထိန်းချုပ်ရေး စက္ကူဖြူစာတမ်း ထုတ်ပြန်ခြင်းမှာ အရေးကြီးသော ခေတ်ကာလ အနက်အဓိပ္ပာယ်ရှိကြောင်း၊ စက္ကူဖြူစာတမ်းတွင် တရုတ်နိုင်ငံက ခေတ်သစ် နိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ထိန်းချုပ်မှု အခြေအနေအပေါ် အမြင်သဘောထားနှင့် ရပ်တည်ချက်များကို စနစ်တကျ ရှင်းလင်းဖော်ပြထားပြီး တရားမျှတသော၊ ပူးပေါင်းဆောင်ရွက်သော၊ ဟန်ချက်ညီသော၊ ထိရောက်မှုရှိသော ခေတ်သစ် လက်နက်ထိန်းချုပ်ရေး အယူအဆကို ပထမဆုံးအကြိမ်အဖြစ် အဆိုပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံက နိုင်ငံတကာ လက်နက်ထိန်းချုပ်မှုဖြစ်စဉ်တွင် ပါဝင်ရန် တက်ကြွစွာကြိုးပမ်းမှု၊ လက်တွေ့အစီအမံများနှင့် သိသာထင်ရှားသော ရလဒ်များကို ဘက်စုံထောင့်စုံ မိတ်ဆက်ထားရာ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကို တက်ကြွစွာဦးဆောင်သော၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ကာကွယ်ထိန်းသိမ်းသော နိုင်ငံကြီးအနေဖြင့် တာဝန်ယူမှုနှင့် တာဝန်သိမှုကို ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားတက်ရောက်လာသော ဘက်အသီးသီးက စက္ကူဖြူစာတမ်းသည် တရုတ်နိုင်ငံ၏ လုံခြုံရေးအယူအဆမူဝါဒကို နားလည်သိရှိစေရန် အထောက်အကူပြုသည့်အတွက် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးကြပြီး တရုတ်နိုင်ငံအနေဖြင့် နိုင်ငံစုံ လက်နက်ထိန်းချုပ်ရေးဖြစ်စဉ်အား တွန်းအားပေးဖော်ဆောင်နိုင်ရန် ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)
#China #Disarmament #WhitePaper #တရုတ် #လက်နက်လျှော့ချရေး #စက္ကူဖြူစာတမ်း
————————————————————————————–
(Chinese Version)
中国裁军大使:《新时代的中国军控、裁军与防扩散》白皮书彰显中国责任与担当
新华社日内瓦12月17日电(记者石松)中国常驻日内瓦代表团17日在瑞士日内瓦万国宫举办《新时代的中国军控、裁军与防扩散》白皮书吹风会,中国裁军大使沈健出席并宣介白皮书主要内容和重要意义。各国常驻日内瓦代表、裁军大使、智库学者共100余人参会。
沈健表示,在联合国成立80周年历史节点,中方发布军控白皮书具有重要时代意义。白皮书系统阐述中国对新时代国际安全和军控形势的看法和主张,首次提出公正、合作、平衡、有效的新时代军控理念,全面介绍中国参与国际军控进程的积极努力、务实举措和显著成效,彰显了中国积极引领全球安全治理、维护国际和平安全的大国责任与担当。
与会各方普遍赞赏白皮书有助于了解中国安全理念政策,期待中方为推进多边军控进程发挥更大作用。(完)
图说:这是10月24日在瑞士日内瓦拍摄的万国宫。新华社记者 连漪 摄
