Politics, Law & Military
ဂျပန်စစ်ဝါဒ ပြန်လည်ရှင်သန်နိုးထလာသည့် အန္တရာယ်များသော လှုပ်ရှားမှုအပေါ် ဒေသတွင်းနိုင်ငံနှင့် ပြည်သူများက များစွာသတိထားလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဂျပန်စစ်ဝါဒ ပြန်လည်ရှင်သန်နိုးထလာသည့် အန္တရာယ်များသော လှုပ်ရှားမှုအပေါ် ဒေသတွင်းနိုင်ငံနှင့် ပြည်သူများက များစွာသတိထားလာပြီဖြစ်ကြောင်း၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်နှင့် လူသားအသိစိတ် တရားမျှတမှုအား ကာကွယ်ထိန်းသိမ်းခြင်းသည် ဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီသလို နိုင်ငံအသီးသီး၏ မဖြစ်မနေ ရွေးချယ်မှုလည်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က ဂျပန်ဝန်ကြီးချုပ်သည် ထိုင်ဝမ်နှင့်စပ်လျဉ်းသော ပြောဆိုချက် ထုတ်ဖော်ပြောကြားပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဆိုင်ရာ အရှေ့တောင်အာရှနိုင်ငံနှင့် အခြားနိုင်ငံ သံအမတ်ကြီးများကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဂျပန်အပေါ် ဝေဖန်ပြောကြား၍ သက်ဆိုင်ရာနိုင်ငံက တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ထောက်ခံအားပေးရန် တောင်းဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အဆိုပါလုပ်ဆောင်မှု၏ ရည်ရွယ်ချက်ကို ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် မိတ်ဆက်ပြောကြားပေးနိုင်ပါသလောဟု မေးမြန်းခဲ့သည်။
“တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံအသီးသီး သံရုံးများနှင့် ပုံမှန်လုပ်ငန်းဆိုင်ရာ ဆက်သွယ်မှု လုပ်ဆောင်နေပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် အများက အသိအမှတ်ပြုထားသည့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သည့်သဘောတူညီချက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော အဓိပ္ပာယ်မရှိသည့် ပြောဆိုချက်သည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းကို ဆိုးရွားစွာချိုးဖောက်နေပြီး ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်နှင့် နိုင်ငံတကာတရားမျှတမှုအား ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခြင်းဖြစ်ကြောင်း၊ ဂျပန်စစ်ဝါဒ ပြန်လည်ရှင်သန်နိုးထလာသည့် အန္တရာယ်များသော လှုပ်ရှားမှုအပေါ် ဒေသတွင်းနိုင်ငံနှင့် ပြည်သူများက များစွာသတိထားလာပြီဖြစ်ကြောင်း၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်နှင့် လူသားအသိစိတ် တရားမျှတမှုအား ကာကွယ်ထိန်းသိမ်းခြင်းသည် ဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီသလို နိုင်ငံအသီးသီး၏ မဖြစ်မနေ ရွေးချယ်မှုလည်းဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“လတ်တလောကာလအတွင်းမှာ ဒေသတွင်းနိုင်ငံများစွာက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာစောင့်ထိန်းဖို့၊ ‘ထိုင်ဝမ်ခွဲထွက်ရေး’ ကို ဆန့်ကျင်ဖို့၊ တရုတ်နိုင်ငံရဲ့ ပေါင်းစည်းရေးလုပ်ငန်းကြီးကို ထောက်ခံအားပေးဖို့ ထပ်မံအလေးထားပြောကြားပြီး စစ်ဝါဒ ပြန်လည်နိုးထလာတာကို သတိပြု၍ ဆန့်ကျင်နေတာကို ကျွန်တော်တို့ သတိထားမိပါတယ်။ ဂျပန်ဘက်အနေနဲ့ အမှားအမှန် ရှုပ်ထွေးအောင်လုပ်ပြီး သွေးထိုးကုန်းချောခြင်းမဟုတ်ဘဲ လေးလေးနက်နက် နားဆင်ပြီး လက်တွေ့ကျကျ နောင်တရကာ အမှားကိုပြင်ဆင်သင့်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
——————————-
(Chinese Version)
外交部:日本军国主义复活危险动向已经引起地区国家和人民高度警惕
新华社北京12月17日电(记者邵艺博、朱超)外交部发言人郭嘉昆17日表示,日本军国主义复活危险动向已经引起地区国家和人民高度警惕,捍卫战后国际秩序和人类良知正义符合各方共同利益,也是各国的必然选择。
当日例行记者会上,有记者问:自日本首相发表涉台言论后,中国外交部约见了东南亚国家及其他国家的驻华大使,对日方提出批评并要求相关国家支持中方立场。发言人能否介绍中方此举目的是什么?
“中国外交部同各国驻华使馆保持着正常工作联系。”郭嘉昆说,一个中国原则是公认的国际关系基本准则,是包括东南亚国家在内的国际社会普遍共识。
郭嘉昆表示,日本首相高市早苗的涉台谬论严重违反国际法和国际关系基本准则,公然挑战二战胜利成果和国际正义。日本军国主义复活危险动向已经引起地区国家和人民高度警惕,捍卫战后国际秩序和人类良知正义符合各方共同利益,也是各国的必然选择。
郭嘉昆说:“我们注意到近期不少地区国家再次强调恪守一个中国原则、反对‘台独’、支持中国统一大业,警惕和抵制军国主义复萌。日方应该认真倾听,切实悔过改错,而不是混淆视听、挑拨是非。”(完)
