Politics, Law & Military
ဝမ်ရိက ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow တို့နှင့် ဒီဇင်ဘာ ၁၈ ရက်က သီးခြားစီ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်လုံးက ဝမ်ရိထံသို့ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို အကြောင်းကြားခဲ့ပြီး အခြေအနေပြေလျော့ရေးနှင့် အပစ်ရပ်ရေးဆန္ဒကို ဖော်ပြခဲ့သည်။ဝမ်ရိက ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ၏ မိတ်ဆွေနှင့် အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် နှစ်နိုင်ငံ စစ်ရေးထိပ်တိုက်ဖြစ်ပွားမှုများကို မမြင်တွေ့လိုဆုံးဖြစ်ကြောင်း၊ ပဋိပက္ခကြောင့် နှစ်ဖက် အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှုများအပေါ် အလွန်ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ ထိုင်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခံရသော အရပ်ဘက်သုံးအဆောက်အဦတစ်နေရာအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Agence Kampuchea Presse/Handout via Xinhua)
ယခုအကြိမ်ဖြစ်ပွားသည့် ပဋိပက္ခသည် ယခင်ကထက် များစွာပြင်းထန်ရာ ဆက်တိုက်ဖြစ်ပွားသွားပါက နှစ်ဖက်စလုံးအတွက် အကျိုးမရှိသလို အာဆီယံ၏ စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်မည်ဖြစ်ကြောင်း၊ လက်ရှိ အရေးပေါ်ကိစ္စရပ်မှာ ဆုံးဖြတ်ချက်ချခြင်း၊ အမြန်ဆုံး အပစ်ရပ်ခြင်း၊ ဆုံးရှုံးနစ်နာမှုများကို အချိန်မီတားဆီးခြင်း၊ အပြန်အလှန်ယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ ထိုင်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခံရသော အရပ်ဘက်သုံးအဆောက်အဦတစ်နေရာအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Agence Kampuchea Presse/Handout via Xinhua)
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် အငြင်းပွားမှုအရေးကိစ္စတွင် ငြိမ်းချမ်းရေးဆွေးနွေးမှု မြှင့်တင်ရေး၊ တရားမျှတမှုကို ခိုင်မာစွာ လက်ကိုင်ထားသလို အပစ်ရပ်ရေးအတွက် အာဆီယံ၏ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန်သည် ကမ္ဘောဒီးယား၊ ထိုင်း နိုင်ငံများသို့ ကူးလူးသွားလာ၍ ညှိနှိုင်းဆွေးနွေးပေးရန် ခရီးစဉ်သွားရောက်ပြီဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ပေါင်းကူးဆက်သွယ်ပေးကာ ကမ္ဘောဒီးယား-ထိုင်း ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်မှုကို တွန်းအားပေးရန် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် တရုတ်စီမံကိန်းနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးသေချာစေရန် ထိရောက်သောအစီအမံများ ဆောင်ရွက်ပြီး မဟုတ်မမှန်သည့်ပြောဆိုချက်များဖြင့် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးအပေါ် ပုတ်ခတ်ပြောဆို သတင်းလွှင့်မှုများကို သတိထားစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Prak Sokhonnနှင့် Sihasak Phuangketkeow တို့က တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန်ကျသော တရားမျှတသည့် ရပ်တည်ချက် လက်ကိုင်ထားမှု၊ ဘက်မလိုက်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးရန် မြှင့်တင်ဆောင်ရွက်ခြင်းကို အထူးတန်ဖိုးထားချီးကျူးခဲ့သလို အပစ်ရပ်ရေးအတွက် တရုတ်နိုင်ငံသံတမန်၏ ကူးလူးသွားလာ စေ့စပ်ညှိနှိုင်းပေးမှုကို ကြိုဆိုကြောင်း၊ အခြေအနေပြေလျော့ရန်နှင့် ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်အတွက် တရုတ်နိုင်ငံက ပို၍ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————————
(Chinese Version)
王毅分别同柬埔寨、泰国外长通电话
新华社北京12月18日电 中共中央政治局委员、外交部长王毅18日分别同柬埔寨副首相兼外交大臣布拉索昆、泰国外长西哈萨通电话,柬泰双方都向王毅通报柬泰边境冲突最新进展,表达了降温停火的意愿。
王毅表示,作为柬泰两国的朋友和近邻,中方最不希望看到两国兵戎相见,对冲突造成双方平民伤亡深感痛心。此轮冲突烈度远超以往,持续下去对双方都无益,也有损东盟的团结。当务之急是做出决断、尽快停火、及时止损、重建互信。
王毅说,中方在柬泰边境争端问题上坚持劝和促谈、公平公允,支持东盟的调停努力。中国外交部亚洲事务特使已启程赴柬、泰穿梭沟通,中方将继续牵线搭桥,为推动柬泰重建和平发挥建设性作用。希望两国采取有效措施保障中方项目和人员安全,警惕有人散布不实之词抹黑中国同两国的友好关系。
布拉索昆、西哈萨高度赞赏中方秉持客观公正立场、居中劝和促谈,欢迎中方特使穿梭调停,期待中方为推动局势降温及重建和平发挥更重要作用。(完)
1. 12月15日,人们从柬埔寨暹粒省的一处避难所撤离。新华社/柬新社
2, 3. 这是12月18日在柬埔寨班迭棉吉省拍摄的一处被泰国军队轰炸的民用设施。新华社/柬新社
