Connect with us

Politics, Law & Military

ဝမ်ရိက (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်ပြီး တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲ ကျင်းပမည်နှင့်စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖြေကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၃၂ ကြိမ်မြောက် အာဆီယံ ဒေသတွင်းဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဩဂုတ် ၁၄ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်းနင်မြို့၌ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို သဘာပတိအဖြစ် ကျင်းပဆောင်ရွက်သွားမည် ဖြစ်သည်။ အစည်းအဝေးကျင်းပမည့် ကာလအတွင်း တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲလည်း ကျင်းပမည်ဖြစ်သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဩဂုတ် ၁၃ ရက်တွင် သက်ဆိုင်ရာ အခြေအနေနှင့် စပ်လျဉ်း၍ သတင်းထောက်မေးမြန်းမှုကို ဖြေကြားခဲ့သည်။ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် ယခုအကြိမ် (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၏ နောက်ခံအကြောင်းအရာ အခြေအနေအား မိတ်ဆက်ရှင်းလင်းပေးရန်၊ တရုတ်နိုင်ငံက ကြီးမှူးကျင်းပသူအနေဖြင့် ယခုအကြိမ်အစည်းအဝေးအပေါ် ထားရှိသည့် မျှော်လင့်ချက်၊ တရုတ်နိုင်ငံက တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲ ကျင်းပရခြင်း၏ ထည့်သွင်းစဉ်းစားမှုများအား သတင်းထောက်က မေးမြန်းခဲ့သည်။

ပြောခွင့်ရပုဂ္ဂိုလ်က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေသည့် အသစ်ပုံစံ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားဖြစ်ကြောင်း၊ ၆ နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်နိုင်ငံများသည် နှစ်ဖက် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ကြောင်း ရှေ့ဆင့်နောက်ဆင့် ကြေညာခဲ့ရာ လန်ချန်း-မဲခေါင်ဒေသတွင် နှစ်ဖက်နှင့် နိုင်ငံစုံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အလုံးစုံ လွှမ်းခြုံမှုအား ဖော်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကုန်း၊ ရေ၊ လေ၊ ဆိုက်ဘာစပေ့” အပြန်အလှန်ချိတ်ဆက်မှု အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်ငန်း၊ ပံ့ပိုးရေးလုပ်ငန်းကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် နက်ရှိုင်းလာကြောင်း၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ “စိတ်တူကိုယ်တူလုပ်ဆောင်ကာ” အပြန်အလှန် တစ်နေ့တခြား မိသားစုဝင်ပမာ ရင်းနှီးလာကြောင်း၊ ၆ နိုင်ငံက “ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးမှု၊ တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းမှု၊ လက်တွေ့ကျကာ ထိရောက်မှုမြင့်မားမှု၊ တံခါးဖွင့်၍ အားလုံးပါဝင်မှု” ဟူသည့် လန်ချန်း-မဲခေါင်စိတ်ဓာတ်အား ပျိုးထောင်ပေးခဲ့ပြီး ကောင်းတူဆိုးဖက်၊ အခက်အခဲများကို တက်ညီလက်ညီ အတူကျော်လွှားသော လန်ချန်း-မဲခေါင် မိသားစုဥယျာဉ်အား ပူးပေါင်းအင်အားဖြင့် တည်ဆောက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ယန္တရား ၁၀ နှစ်မြောက်သို့ လျှောက်လှမ်းလာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရန် အရေးကြီးအဆင့်၌ ရောက်ရှိနေကြောင်း၊ ပြောင်းလဲရှုပ်ထွေးနေသည့် နိုင်ငံတကာအခြေအနေနှင့် တစ်ဖက်သတ် ဗိုလ်ကျကြီးစိုးမှုနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့ ဦးမော့လာမှုကို ရင်ဆိုင်ရာတွင် လန်ချန်း-မဲခေါင်နိုင်ငံများက စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ အတူတတွ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ယခုအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှတစ်ဆင့် မဲခေါင်မြစ်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ပြန်လည်ဆွေးနွေးကာ အောင်မြင်မှုရလဒ်များကို အနှစ်ချုပ်သုံးသပ်၍ ယန္တရား၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီစဉ်ရေးဆွဲရန်၊ ပိုမိုကြံ့ကြံ့ခံနိုင်မှုရှိသော လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရပ်ဝန်း၊ ပိုမိုရင်းနှီးသည့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်းအား ဆက်လက်တည်ဆောက်၍ မြစ်ဝှမ်းဒေသပြည်သူများ အကျိုးစီးပွားမြှင့်တင်ရန်၊ ဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ကာကွယ်ထိန်းသိမ်းရန်အတွက် ပိုမိုများပြားသည့် တည်ငြိမ်မှုနှင့် စွမ်းအင်အသစ်များ ပံ့ပိုးပေးသွားရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။
“လက်ရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌနိုင်ငံ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်အရ အစည်းအဝေးကာလအတွင်း တရုတ်-လာအို-မြန်မာ-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲလည်း ကျင်းပမှာဖြစ်ပြီး ဒေသတွင်းအခြေအနေနဲ့ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို ပူးတွဲတိုက်ဖျက်ရေး စတဲ့ အတူတကွဂရုပြုကြတဲ့ အကြောင်းအရာနဲ့စပ်လျဉ်း၍ နက်ရှိုင်းစွာ အမြင်သဘောချင်း ဖလှယ်သွားမှာဖြစ်ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)

#China #MOFA #LMC #ForeignMinisterMeeting #တရုတ် #နိုင်ငံခြားရေးဝန်ကြီးဌာန #လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု #နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး
——————————-
(Chinese Version)
外交部发言人就王毅将主持澜湄合作第十次外长会并举行中老缅泰外长非正式会晤答记者问
新华社北京8月13日电 中共中央政治局委员、外交部长王毅将于14日至15日在云南安宁主持澜沧江—湄公河合作第十次外长会。会议期间,还将举行中老缅泰外长非正式会晤。外交部发言人13日就相关情况答记者问。
有记者问:发言人能否介绍此次澜湄合作第十次外长会有关背景情况?中方作为主办方对此次会议有何期待?中方举行中老缅泰外长非正式会晤有何考虑?
发言人表示,澜沧江—湄公河合作是中国同柬埔寨、老挝、缅甸、泰国、越南共商共建共享的新型区域合作机制。在六国领导人战略引领下,中国和湄公河国家先后宣布构建双边命运共同体,澜湄地区实现双多边命运共同体建设全覆盖,“陆海天网”互联互通不断发展,跨境贸易投资与产供链合作持续深化,人文交流“双向奔赴”,彼此日益亲如一家。六国培育了“发展为先、平等协商、务实高效、开放包容”的澜湄精神,合力打造休戚与共、和衷共济的澜湄家园。
发言人说,今年澜湄合作机制将迈入第10年。当前,澜湄国家都处于加快发展的重要阶段。面对变乱交织的国际形势,以及单边霸权和保护主义抬头,澜湄各国需要加强团结合作、促进共同发展。中方希望通过此次澜湄合作外长会,同湄公河国家梳理合作成果、总结成功经验,谋划机制未来发展,持续打造更加强韧的澜湄流域经济发展带、更为紧密的澜湄国家命运共同体,为增进流域民众福祉、维护地区可持续发展提供更多稳定性与新动能。
“应现任澜湄合作共同主席国泰国提议,会议期间还将举行中老缅泰外长非正式会晤,就地区形势和联合打击跨境犯罪等共同关心的议题深入交换意见。”发言人说。(完)
图说:7月11日下午,中共中央政治局委员、外交部长王毅在吉隆坡出席第32届东盟地区论坛外长会。 新华社发(张纹综摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.