Connect with us

Politics, Law & Military

ဆင်ခြင်တုံတရားရှိစွာ တွေ့ဆုံဆွေးနွေးမှုက တရုတ်-အမေရိကန် နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိ

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် တရုတ်-အမေရိကန် နှစ်ဖက် စီးပွားကုန်သွယ်ရေး အရေးကိစ္စနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးနေသည်ကို ဒေသစံတော်ချိန် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

နှစ်ရက်ကြာသည့် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးမှုသည် စက်တင်ဘာ ၁၅ ရက်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပပြီးစီးခဲ့သည်။ နှစ်နိုင်ငံ အကြီးအကဲများ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု၊ အရေးကြီးသဘောတူညီချက်၏ မဟာဗျူဟာမြောက် ဦးဆောင်လမ်းညွှန်မှုဖြင့် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များသည် ပွင့်လင်းစွာ၊ နက်ရှိုင်းစွာနှင့် အပြုသဘောဆောင်စွာ ချိတ်ဆက်ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် TikTok အရေးကိစ္စအား လျော်ကန်စွာ ဖြေရှင်းရန်၊ ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ လျှော့ချရန်၊ စီးပွားကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် စသည်တို့နှင့် စပ်လျဉ်း၍ အခြေခံမူဘောင် သဘောတူညီချက် ရရှိခဲ့သည်။အဆိုပါရလဒ်သည် ခက်ခဲစွာ ရရှိခဲ့ခြင်းဖြစ်ရာ နှစ်ဖက်အနေဖြင့် ရှေ့ကာလ အကြိမ်များစွာ တွေ့ဆုံဆွေးနွေးမှု၏ အပြုသဘောဆောင်သော အလားအလာအား ဆက်လက်ထိန်းသိမ်းထားသည့် အခြေခံပေါ်တွင် ဆင်ခြင်တုံတရားရှိစွာ တွေ့ဆုံဆွေးနွေးမှုဖြင့် သဘောတူညီချက် ထပ်မံရရှိခဲ့ခြင်းကို အမှတ်သင်္ကေတပြုနေပြီး နှစ်ဖက်အကျိုးစီးပွားနှင့် ကိုက်ညီပေသည်။

တရုတ်နိုင်ငံအနေဖြင့် TikTok အရေးကိစ္စနှင့်စပ်လျဉ်း၍ ရပ်တည်ချက်သည် အတိအလင်းဖြစ်၍ အစဉ်တစိုက် မပြောင်းလဲပေ။ ယင်းမှာ သိပ္ပံနည်းပညာနှင့် စီးပွားကုန်သွယ်ရေး အရေးကိစ္စအား နိုင်ငံရေးအသွင်ပြောင်းခြင်း၊ ကိရိယာအသွင်ပြောင်းခြင်း၊ လက်နက်အသွင်ပြောင်းခြင်းအား ဆန့်ကျင်မှု၊ အမျိုးသားအကျိုးစီးပွားနှင့် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား ခိုင်မာစွာ ကာကွယ်မှု တို့ပင်ဖြစ်သည်။

ယခင်ဆွေးနွေးညှိနှိုင်းမှုများတွင် တရုတ်ဘက်က အမေရိကန်ထံသို့ အခြေခံမူနှင့် ရပ်တည်ချက်အား အားကောင်းစွာ ဖော်ပြခဲ့သည်။ တရုတ်ဘက်က အကျိုးအကြောင်းလျော်ညီစွာ မိမိအကျိုးစီးပွားအား အစွမ်းကုန်ကာကွယ်ခဲ့မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ခိုင်မြဲတည်ငြိမ်မှုကို ဖော်ပြခဲ့ခြင်းတို့က အဆုံးအစွန် ဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုဖြင့် အလဲအလှယ်ပြုလုပ်ခြင်းသည် တရုတ်နိုင်ငံအပေါ်တွင် အလုပ်ဖြစ်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားနှင့် လုပ်ငန်းကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား ထိပါးစေမည့် ကြိုးပမ်းမှုမှန်သမျှသည် ရှုံးနိမ့်မည်သာဖြစ်ကြောင်းကို အမေရိကန်ဘက်ထံသို့ ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။

မက်ဒရစ် တွေ့ဆုံဆွေးနွေးပွဲအတွင်း တရုတ်နိုင်ငံက အခြေခံမူရပ်တည်ချက်၊ လုပ်ငန်းကုမ္ပဏီ၏ အကျိုးစီးပွားနှင့် နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုအား အနစ်နာခံသည့် ပေးဆပ်မှုဖြင့် မည်သည့်သဘောတူညီချက်မှ ရရှိရန် လုပ်ဆောင်မည်မဟုတ်ကြောင်း ထပ်မံအလေးထား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား ခိုင်မာစွာ ကာကွယ်သွားမည်ဖြစ်ပြီး နည်းပညာတင်ပို့မှုဆိုင်ရာ ခွင့်ပြုမှုများအား တရားဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီ စိစစ်ခွင့်ပြုသွားမည်ဖြစ်သည်။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံအစိုးရက လုပ်ငန်းကုမ္ပဏီများ၏ ဆန္ဒအား အပြည့်အဝလေးစားကာ လုပ်ငန်းကုမ္ပဏီများက ဈေးကွက်အခြေခံမူနှင့် ကိုက်ညီသည့်အခြေခံပေါ်တွင် တန်းတူညီမျှသော စီးပွားရေးညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်ခြင်းအား ထောက်ခံအားပေးသွားမည်ဖြစ်သည်။

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်၍ ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း အခြေခံမူနှင့် သွေဖည်သွား၍ မရပေ။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် သက်ဆိုင်ရာ သဘောတူညီချက် ရရှိရန် သဘောတူညီခြင်းမှာ သုံးသပ်အကဲဖြတ်မှုအရ ထိုကဲ့သို့သဘောတူညီချက်သည် နှစ်ဖက်အကျိုးစီးပွားနှင့် ကိုက်ညီခြင်းကြောင့်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရာတွင် အမေရိကန်ကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ လျှော့ချရန်၊ စီးပွားကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကဏ္ဍများတွင် တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူလုပ်ဆောင်ရန် မျှော်လင့်သည့်ဆန္ဒကို ဖော်ပြခဲ့သည်။ မှန်ကန်သော တွေ့ဆုံဆွေးနွေးမှု အခြေခံမူအား လိုက်နာပါက ပိုမိုများပြားလာသည့် ကဏ္ဍများတွင် ဘုံအကျိုးစီးပွားဖြစ်ထွန်းသည့် ရလဒ်များ ရရှိနိုင်မည်ကို ယင်းက နောက်တစ်ကြိမ် သက်သေထူနေခြင်းပင်ဖြစ်သည်။

ဆွေးနွေးညှိနှိုင်းမှုရလဒ်သည် ခက်ခဲစွာ ရရှိလာခြင်းဖြစ်သော်လည်း ၎င်း၏ အခြေခံမှာ ခိုင်မြဲတည်ငြိမ်မှု မရှိသေးပေ။ တရုတ်-အမေရိကန်က စီးပွားကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှု အကြိမ်များစွာ လုပ်ဆောင်ပြီးနောက် အမေရိကန်သည် တရုတ်နိုင်ငံ လုပ်ငန်းအဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုအား ဆက်လက်တိုးချဲ့ လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ အမေရိကန်က အမျိုးသားလုံခြုံရေးအဓိပ္ပာယ်ကို အကျယ်ချဲ့နေပြီး တရုတ်နိုင်ငံ လုပ်ငန်းအဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုစာရင်းအား အဆက်မပြတ် တိုးချဲ့ကာ လက်တံရှည်လှမ်း စီမံမှုသည် ပိုမိုရှည်လျားလာသည်။ ယင်းသည် စံတင်ထိုက်သည့် တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုလုပ်ရပ်ပင် ဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး စံနှုန်းများအား ချိုးဖောက်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ခိုင်မာစွာ ကန့်ကွက်ပြီး တွေ့ဆုံဆွေးနွေးမှုတွင်လည်း အမေရိကန်ထံသို့ အလေးအနက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အကျိုးစီးပွားအား လက်တွေ့ထိပါးမှုရှိလာပါက တရုတ်နိုင်ငံအနေဖြင့် တန်ပြန်လုပ်ဆောင်သွားရန် ပြည့်ဝသောနည်းလမ်းနှင့် ကိရိယာများရှိပေသည်။ တွေ့ဆုံဆွေးနွေးမှုရလဒ်အား နှစ်ဖက်က အတူတကွ ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်။ အမေရိကန်အနေဖြင့် တစ်ဖက်တွင် တရုတ်နိုင်ငံအား အမေရိကန်၏ စိုးရိမ်ပူပန်မှုကို ထည့်သွင်းစဉ်းစားရန် တောင်းဆို၍ အခြားတစ်ဖက်တွင်မူ တရုတ်နိုင်ငံ၏ လုပ်ငန်းကုမ္ပဏီများအား အဆက်မပြတ် ဖိနှိပ်နေ၍မရပေ။ ထိုကဲ့သို့ ဒွိဟဖြစ်သည့်လုပ်ရပ်သည် ပူးပေါင်းဆောင်ရွက်မှုဝန်းကျင်ကို ပြင်းထန်စွာပျက်စီးစေပြီး ခက်ခဲစွာရရှိလာသည့် တွေ့ဆုံဆွေးနွေးမှုရလဒ်အား တိုက်စားသွားမည်သာ ဖြစ်ပေသည်။

လွန်ခဲ့သည့်လအနည်းငယ်ကို ပြန်လည်အောက်မေ့ပါက ဂျီနီဗာမှ လန်ဒန်အထိ၊ ထိုမှတစ်ဆင့် စတော့ဟုမ်းနှင့် မက်ဒရစ်အထိ၊ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့များသည် တွေ့ဆုံဆွေးနွေးမှု အကြိမ်များစွာ ကျင်းပခဲ့ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာအား ဖြေရှင်းသည့် မှန်ကန်သောလားရာဆီသို့ ချီတက်ခဲ့သည်။ ယခုအကြိမ် မက်ဒရစ် တွေ့ဆုံဆွေးနွေးမှုတွင် TikTok အကြောင်းအရာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပြီး အခြေခံမူဘောင် သဘောတူညီချက် ရရှိခဲ့သောကြောင့် တွေ့ဆုံဆွေးနွေးမှု၏ တန်ဖိုးနှင့် အင်အားကို နောက်တစ်ကြိမ် ပေါ်လွင်စေခဲ့သည်။
ဖွံ့ဖြိုးဆဲအဆင့်၊ စီးပွားရေးစနစ် မတူညီသော နိုင်ငံကြီးနှစ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် နှစ်ဖက်က ကုန်သွယ်စီးပွားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွင်း ကွဲလွဲမှုနှင့် ပွတ်တိုက်မှုများ ပေါ်ထွက်လာခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ အဓိကအချက်မှာ အပြန်အလှန်၏ ဗဟိုအကျိုးစီးပွားနှင့် အရေးကြီးစိုးရိမ်ဂရုပြုမှုများအပေါ် လေးစားနိုင်ခြင်းရှိ၊ မရှိနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းမှတစ်ဆင့် အရေးကိစ္စအား လျော်ကန်စွာ ဖြေရှင်းသည့် နည်းလမ်း ရှာဖွေတွေ့ရှိခြင်း ရှိ၊ မရှိ တို့ပင်ဖြစ်သည်။

တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်းပင်ဖြစ်သည်။ နှစ်ဖက်က “သင့်မြတ်လျှင် နှစ်ဖက်အကျိုးရှိ၍ ရန်လိုပါက နှစ်ဖက်လုံး ထိခိုက်မည်သာ” ဖြစ်သည်။ အမေရိကန်အနေဖြင့် ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် ရရှိထားသည့် အခြေခံမူဘောင် သဘောတူညီချက်အား စမှတ်အသစ်အဖြစ် ထားရှိကာ တရုတ်နိုင်ငံနှင့် စိတ်တူကိုယ်တူလုပ်ဆောင်ကာ စိတ်ရင်းစေတနာနှင့် လက်တွေ့လှုပ်ရှားမှုများဖြင့် တရုတ်နိုင်ငံအပေါ် ကန့်သတ်မှု အစီအမံများအား ဆောလျင်စွာ ဖယ်ရှားပြီး တရုတ်လုပ်ငန်းကုမ္ပဏီများအား ဖိနှိပ်မှုကို ရပ်တန့်၍ ခက်ခဲစွာရရှိလာသည့် တွေ့ဆုံဆွေးနွေးမှုရလဒ်အား အတူတကွကာကွယ်ထိန်းသိမ်းသွားရန် မျှော်လင့်လျက်ရှိသည်။

ထိုအခြေခံပေါ်တွင် နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသဘောတူညီချက်အား ဆက်လက်ကောင်းမွန်စွာ အကောင်အထည်ဖော်‌၍ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုယန္တရား၏ အခန်းကဏ္ဍအား အပြည့်အဝအသုံးပြုကာ အဆက်မပြတ် သဘောတူညီချက်များ တိုးမြှင့်ပြီး ကွဲလွဲမှုများအား ဖြေရှင်းခြင်းဖြင့် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံမှုအား ကောင်းမွန်သော၊ တည်ငြိမ်သော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းထက်သို့ ပြန်လည်ရောက်ရှိသွားရန် တွန်းအားပေးသင့်ပေသည်။ (Xinhua)

——————————-
(Chinese Version)
新华时评丨理性对话符合中美两国利益
新华社北京9月16日电 题:理性对话符合中美两国利益   新华社记者叶书宏
为期两天的中美经贸会谈15日在西班牙马德里落下帷幕。在两国元首通话重要共识的战略引领下,双方团队进行了坦诚、深入、富有建设性的沟通,并就以合作方式妥善解决TikTok问题、减少投资障碍、促进有关经贸合作等达成了基本框架共识。这一成果来之不易,标志着双方在延续前期多轮会谈积极势头的基础上,再次通过理性对话取得共识,符合双方利益。   中方对TikTok问题的立场明确且一贯:坚决反对将科技和经贸问题政治化、工具化、武器化,坚决维护国家利益和海外中资企业的合法权益。
历次磋商中,中方都向美方有力地传达了原则立场。正是中方的据理力争和展现出的韧性定力,向美方清晰地表明:极限施压与胁迫交易对中国行不通,任何损害中国国家主权、安全、发展利益和企业合法权益的企图都注定失败。在马德里会谈中,中方再次重申,绝不会以牺牲原则立场、企业利益和国际公平正义为代价,寻求达成任何协议。中方将坚决维护国家利益和中资企业合法权益,依法依规开展技术出口审批。同时,中国政府充分尊重企业意愿,支持企业在符合市场原则基础上,开展平等商业谈判。
中美经贸磋商,始终不能偏离相互尊重、和平共处、合作共赢的基本原则。中方之所以同意与美方达成相关共识,是因为经过评估判断,这种共识符合双方利益。在会谈中,美方也表达了意愿,希望在减少投资障碍、促进有关经贸合作方面与中方相向而行。这再次证明,只要遵循正确的对话原则,就能在越来越多的领域取得共赢成果。
会谈成果来之不易,但其根基尚不稳固。在中美经过一系列经贸磋商之后,美方仍在不断扩大对中国实体的制裁。美方泛化国家安全,不断扩大对中国实体的制裁清单,长臂管辖的手越伸越长,这是典型的单边霸凌行径,有违国际法和国际关系基本准则,中方对此坚决反对,并在会谈中向美方提出严正关切。如果实质性侵害中方利益,中方有丰富的手段和工具进行反制。会谈成果需要双方共同维护,美方不能一方面让中方照顾其关切,另一方面又持续打压中国企业。这种自相矛盾的做法,只会严重破坏合作氛围,侵蚀来之不易的对话成果。
回顾过去数月,从日内瓦到伦敦,再到斯德哥尔摩和马德里,中美经贸团队举行了多轮会谈,朝着通过对话协商解决问题的正确方向前行。此次马德里会谈将TikTok议题纳入并达成基本框架共识,再次凸显了对话的价值与力量。作为发展阶段、经济制度不同的两个大国,中美双方在经贸合作中出现分歧和摩擦本属正常,关键在于能否尊重彼此的核心利益与重大关切,通过对话协商找到妥善解决问题的办法。
中美经贸关系的本质是互利共赢,双方“合则两利,斗则俱伤”。希望美方能以此次会谈达成的基本框架共识为新起点,与中方相向而行,拿出诚意和实际行动,尽快取消对华限制措施,停止打压中国企业,共同维护来之不易的会谈成果。在此基础上,双方应继续落实好两国元首重要共识,充分发挥中美经贸磋商机制作用,不断增进共识、化解分歧,推动中美经贸关系重回健康、稳定、可持续发展的轨道。(完)
图说:当地时间9月15日,中美双方在西班牙马德里就有关经贸问题举行的会谈进入第二天。 图为9月14日双方在进行会谈。 新华社记者 邢广利 摄