Connect with us

Politics, Law & Military

ဝမ်ရိနှင့် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် Sun Chanthol တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် Sun Chanthol တို့ စက်တင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၁၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် Sun Chanthol နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သမ္မတရှီကျင့်ဖိန်သည် ယခုနှစ် ဧပြီလတွင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အောင်မြင်စွာ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်ကြီးများ၏ မဟာဗျူဟာမြောက် သဘောတူညီချက်ကို လမ်းညွှန်မှုအဖြစ်ထားရှိကာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်မြှင့် လက်တွေ့ဖော်ဆောင်ပြီး“စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” နှင့် “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်း စင်္ကြံ” အစီအစဉ်ကို ကောင်းမွန်စွာ အသုံးပြုကာ ပိုမိုများပြားသော မြင်တွေ့နိုင်သည့် အောင်မြင်မှုအသီးအပွင့်များ ဖန်းတီးသွားလိုကြောင်း ပြောကြားခဲ့သည်။

Sun Chanthol က ကမ္ဘောဒီးယားအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေးကို အခိုင်အမာ ဆက်လက်ဆောင်ရွက်ကာ ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်မှုကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
နှစ်ဖက်သည် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပဋိပက္ခနှင့် စပ်လျဉ်း၍ အမြင်သဘောထားချင်း ဖလှယ်ခဲ့သည်။ ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် အိမ်နီးချင်းများဖြစ်၍ နှစ်ဖက်အနေဖြင့် အခွင့်အလမ်းကို ဆုပ်ကိုင်ထားပြီး ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
#တရုတ်_ကမ္ဘောဒီးယား #SunChanthol #ဝမ်ရိ #သံတမန်ရေး
…………………………………
(Chinese Version)
王毅会见柬埔寨副首相孙占托
新华社北京9月16日电 中共中央政治局委员、外交部长王毅16日在北京会见柬埔寨副首相孙占托。
王毅表示,习近平主席今年4月对柬埔寨进行成功国事访问。中方愿同柬方一道,以两国领导人战略共识为指引,加快落实各领域合作项目,用好“工业发展走廊”和“鱼米走廊”规划,打造更多可视成果。
孙占托表示,柬方将继续坚定与中方高质量共建“一带一路”,持续推进新时代全天候柬中命运共同体建设。
双方还就柬泰边境冲突交换了意见。王毅表示,柬泰是近邻,希望双方抓住契机,加快和解进程。(完)
图说:9月16日,中共中央政治局委员、外交部长王毅在北京会见柬埔寨副首相孙占托。 新华社记者 高洁 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.